October 21, 2024

၂၄. ၂. ၂၀၂၄
Written by Naing Thuta

မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ ကန်တော်ကြီးပတ်လမ်းရှိ၊ ဇီဝိတဒါနသံဃာ့ဆေးရုံကြီး(မန္တလေးကန်တော်ကြီး)တွင် ယခုနှစ်၊ မတ်လလယ်ခန့်က စတင်ကာ ပြင်ပလူပုဂ္ဂိုလ်များကို သင့်တော်သည့်စရိတ်ဖြင့် တိုးချဲ့ကုသမှုပေးတော့မည်ဖြစ်ကြောင်း ဇီဝိတဒါနသံဃာ့ဆေးရုံကြီး(မန္တလေးကန်တော်ကြီး)အုပ်ချုပ်ရေးအဖွဲ့မှ ထုတ်ပြန်ချက်အရ သိရသည်။

ထို့ကဲ့သို့ လူပုဂ္ဂိုလ်များကို တိုးချဲ့ကုသမှုအတွက် လိုအပ်သည့်ဝန်ထမ်းများကို ခေါ်ယူလျက်ရှိရာ လက်ထောက်ဆရာဝန်များ၊ သူနာပြုအုပ်နှင့် သူနာပြုဆရာမကြီး၊ အထက်တန်းသူနာပြုဆရာမ/သူနာပြု၊ သူနာပြုအကူနှင့် အထွေထွေလုပ်သားတို့ ပါဝင်သည်။

ထို့ကြောင့် တာဝန်ထမ်းဆောင်လိုသူများအနေဖြင့် သက်ဆိုင်ရာအရည်အချင်းအလိုက် ဘွဲ့လက်မှတ်မိတ္တူ၊ သက်ဆိုင်ရာသင်တန်းဆင်းလက်မှတ်မိတ္တူ၊ ဓာတ်ပုံ (၂)ပုံ၊ အိမ်ထောင်စုဇယားမိတ္တူ၊ နိုင်ငံသားစိစစ်ရေးကဒ်ပြားမိတ္တူ၊ အကျင့်စာရိတ္တကောင်းမွန်ကြောင်း သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးထောက်ခံစာ၊ ပြစ်မှုကင်းရှင်းကြောင်း ရဲစခန်းထောက်ခံစာတို့နှင့်အတူ မတ် ၁၀ ရက် နောက်ဆုံးထား၍ ရုံးချိန်အတွင်း လာရောက်လျှောက်ထားနိုင်ကြောင်း သိရသည်။

ယင်းဆေးရုံတွင် အောက်စီဂျင်ဌာန၊ ကျောက်ကပ်သွေးသန့်ဌာန၊ ရေအလှူတော်၊ လျှပ်စစ်မီးအလှူတော်၊ ဆေးပဒေသာပင်အလှူ၊ ဆွမ်းပဒေသာပင်အလှူများအတွက် စိုက်ထူလှူဒါန်းနိုင်ပြီး လှူဒါန်းလိုသောအလှူရှင်များအနေဖြင့် ဖုန်း-09402626324 သို့ တိုက်ရိုက်ဆက်သွယ်လှူဒါန်းနိုင်သည်။

Leave a Reply

Your email address will not be published. Required fields are marked *