October 21, 2024

၂၃. ၂. ၂၀၂၄
Written by Min Mahar

ချောင်းဦးမြို့နယ်၊ မန္တလေး-မုံရွာသွား ကားလမ်းမပေါ်တွင်  PDF များ ထောင်ထားသည့်  မိုင်းမျိုးစုံနှင့် ဆက်စပ်ပစ္စည်းများ ယနေ့ မနက်ပိုင်းက သိမ်းဆည်းရမိခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။

ဖြစ်စဉ်မှာ ယနေ့(ဖေဖော်ဝါရီ ၂၃ ရက်) မနက် ၈ နာရီခန့်က စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ်၊ မန္တလေး-မုံရွာသွား ကားလမ်းမပေါ်တွင် လက်လုပ်မိုင်းများ တွေ့ရှိကြောင်း ဒေသခံပြည်သူများ သတင်းပေးမှုအရ လုံခြုံရေးတပ်ဖွဲ့ဝင်များမှ သွားရောက်စစ်ဆေးခဲ့ရာ ဒေသတွင်း PDF အဖွဲ့များက ထောင်ထားသည့် လက်လုပ်မိုင်းမျိုးစုံအား တွေ့ရှိခဲ့သဖြင့် သတ်မဲ့ပြုလုပ်ကာ ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း သိရသည်။

အဆိုပါ တွေ့ရှိသောလက်လုပ်မိုင်းများမှာ လက်လုပ်မိုင်းမျိုးစုံ ၅၉ လုံး၊ ရှေ့ထွက်ပြောင်း ၃ ခု၊ ကီးပတ်ဖုန်း ၆ လုံး၊ Recever ၁ ခု၊ ဝါယာကြိုး ၂ ခွေတို့ကို ရှာဖွေတွေ့ရှိခဲ့သည့်အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ထိခိုက်မှုမရှိအောင် ဖယ်ရှားရှင်းလင်းပေးခဲ့ကြောင်း လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် နီးစပ်သူတစ်ဦး ပြောပြချက်အရ သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *