October 22, 2024

၂၃. ၂. ၂၀၂၄
Translated by Htwe Ko Tun

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ စုကျိုးမြို့အတွင်း ရေခဲများဖုံးလွှမ်းနေသည့် အဝေးပြေး အမြန်ကားလမ်းမကြီးတစ်ခုပေါ်တွင် ကားအစီး ၁၀၀ ကျော်က တစ်စီးနှင့်တစ်စီးဆင့်တိုက်မိမှုတစ်ရပ်ကြောင့် လူအချို့ ထိခိုက်ဒဏ်ရာရခဲ့ကြကြောင်း ဆင်ဟွာသတင်းဌာနက ယနေ့ ဖေဖော်ဝါရီ ၂၃ ရက်တွင် ဖော်ပြခဲ့သည်။

ထိုဖြစ်ရပ်က တရုတ်နိုင်ငံအတွင်း ရာသီဥတုဆိုးရွားမှုများကြောင့် ဖြစ်ပွားရသည့် နောက်ဆုံး ယာဉ်မတော်တဆမှုလည်း ဖြစ်ခဲ့ရသည်။

CCTV ရုပ်မြင်သံကြားဌာနနှင့် လူမှုကွန်ရက်တို့က ပြသမှုများတွင် မော်တော်ကားများစွာမှာ အဝေးပြေးလမ်းမကြီးပေါ်၌ တစ်စီးနှင့်တစ်စီးတိုက်မိမှုများအပြီး ဖြစ်ကတတ် ဆန်းစုပုံတည်ရှိနေကြသည်ကိုတွေ့ ကြရသည်။ ကုန်တင်ကားရှည်တစ်စီးဆိုလျှင် အလယ်ပိုင်းမှကျိုးထွက်ကာ လေထဲသို့ထောင်နေသည်ကို တွေ့ကြရသည်။ ကားမှန်အကွဲများနှင့် အခြားသောအမှိုက်သရိုက်မျိုးစုံကိုလည်း နေရာအနှံ့တွင်တွေ့ရှိနေရသည်။

ယာဉ်တိုက်မှုများတွင် လူသုံးဦး ဒဏ်ရာရရှိပြီး ဆေးရုံသို့တင်ပို့ခဲ့ရကာ ခြောက်ဦးမှာမူ အသေးစားပွန်းပဲ့ဒဏ်ရာများရခဲ့ကြောင်း စုကျိုးမြို့ ယာဉ်ထိန်းရဲတပ်ဖွဲ့က ပြောခဲ့သည်။ ယာဉ်သွားလာမှုကို ပုံမှန်အတိုင်း ပြန်လည်ဖြစ်စေရန်ဆောင်ရွက်ခဲ့ကာ ယာဉ်တိုက်မှု၏အကြောင်းရင်းကိုလည်း စုံစမ်းစစ်ဆေးနေကြောင်း သိရသည်။

လွန်ခဲ့သော ရက်သတ္တပတ်အနည်းငယ်အတွင်း တရုတ်နိုင်ငံ၏ နေရာတော်တော်များ၌ အအေးလှိုင်းများ၊ နှင်းမုန်တိုင်းများတိုက်ခတ်ကာ ရေခဲမိုးများလည်းရွာသွန်းခဲ့မှုကြောင့် သယ်ယူပို့ဆောင်ရေးအား သက်ရောက်မှုရှိခဲ့ကာ သန်းပေါင်းများစွာသောပြည်သူတို့မှာလည်း နှစ်သစ်ကူးပွဲတော်အခမ်းအနားများကို အိမ်များ၌ပင် ကျင်းပခဲ့ကြရသည်။

Ref-Reuters

Leave a Reply

Your email address will not be published. Required fields are marked *