October 20, 2024

၂၃. ၂. ၂၀၂၄
Translated by Htwe Ko Tun

အမေရိကန်ပြည်ထောင်စု၊ နာဆာအဖွဲ့ကပစ်လွှတ်ခဲ့တဲ့ “Odie” (သို့မဟုတ်) IM-1 လို့လည်းခေါ်ကြတဲ့ လဆင်းယာဉ် Odysseus ဟာ ဖေဖော်ဝါရီ ၂၂ ရက် နံနက် ၆ နာရီ၂၃ မိနစ် ET စံတော်ချိန်မှာ လမျက်နှာပြင်ပေါ်သို့ဆင်းသက်နိုင်ခဲ့ရာ နှစ် ၅၀ ကာလအတွင်း လပေါ်ကို ပထမဆုံးဆင်းသက်နိုင်တဲ့ အမေရိကန်နိုင်ငံရဲ့ အာကာသယာဉ် အဖြစ်မှတ်တမ်းဝင်ခဲ့ရပါတယ်။

Odie က လမျက်နှာပြင်ပေါ်ဆင်းသက်နိုင်ဖို့ သူ့ရဲ့ မီသိန်းလောင်စာသုံးအင်ဂျင်ကို ထိန်းချုပ်အသုံးပြုခဲ့ရပြီး အာကာသယာဉ်ရဲ့ အမြန်နှုန်းကိုလည်း တစ်နာရီလျှင် မိုင် ၄,၀၀၀ နှုန်း(တစ်နာရီလျှင် ၆,၄၀၀ ကီလိုမီတာနှုန်း) ရောက်တဲ့အထိ လျှော့ချခဲ့ပါတယ်။ နာဆာအနေနဲ့ ၁၉၇၂ ခုနှစ်မှာ အပိုလို ၁၇ အာကာသယာဉ်ရဲ့ လဆင်းယာဉ်က လမျက်နှာပြင်ပေါ်ဆင်းသက်ခဲ့ခြင်းက နောက်ဆုံးအကြိမ် လမျက်နှာပြင်ပေါ် ဆင်းသက်မှုလည်းဖြစ်ပါတယ်။

အမေရိကန်နိုင်ငံအနေနဲ့ ဇန်နဝါရီလအတွင်းက လမျက်နှာပြင်ပေါ်ဆင်းသက်ရန်ကြိုးပမ်းမှုမှာ မအောင်မမြင် ဖြစ်ခဲ့ရပြီးတဲ့နောက် အခုလမှာ Odie လဆင်းယာဉ်ကအောင်မြင်စွာဆင်းသက်နိုင်ခဲ့ခြင်းလည်း ဖြစ်ပါတယ်။ Odie လဆင်းယာဉ်က လရဲ့တောင်ဘက်ဝင်ရိုးစွန်းအနီးပတ်ဝန်းကျင်တစ်ဝိုက်ကို လေ့လာ အကဲဖြတ်ဖို့ ပုံစံရေးဆွဲတည်ဆောက်ထားကာ နာဆာအဖွဲ့ရဲ့ ၂၀၂၆ ခုနှစ်နှောင်းပိုင်းမှာ လပေါ်သို့ လူ လိုက်ပါတဲ့ အာကာသယာဉ်မှူးတွေအဖွဲ့ရဲ့ ခရီးစဉ်မစတင်ခင် ကြိုတင်ပစ်လွှတ်ခဲ့ခြင်းလည်းဖြစ်ပါတယ်။

Odie လဆင်းယာဉ်အနေနဲ့ လမျက်နှာပြင်ပေါ်သို့ အောင်မြင်စွာဆင်းသက်နိုင်ခဲ့ပြီးတဲ့နောက် တည့်မတ်စွာပဲ ဆက်လက်ရပ်တည်နေကာ သတင်းအချက်အလက်တွေလည်း စတင်ပေးပို့နေပြီလို့ သိရပါတယ်။

Ref-CNN

Leave a Reply

Your email address will not be published. Required fields are marked *