October 20, 2024

၂၃. ၂. ၂၀၂၄
Written by Pan Ei

ဂင်းနစ်ကမ္ဘာ့စံချိန်တင်အဖွဲ့ (GWR) က သက်တမ်း ၃၁ နှစ်ကျော် နေထိုင်ခဲ့တဲ့ ပေါ်တူဂီက တိရစ္ဆာန်စောင့်ရှောက်ရေး ခွေးအမျိုးအစားဖြစ်တဲ့ ခွေးလေး ဘိုဘီကို ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလက “သမိုင်းတစ်လျှောက် ကမ္ဘာ့အသက်အကြီးဆုံးခွေး” အဖြစ် သတ်မှတ်ခဲ့ကြရာ မနေ့ကတော့ အဆိုပါ ဂုဏ်ပုဒ်ကို ပြန်လည်ရုပ်သိမ်းခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ် အောက်တိုဘာလက သေဆုံးသွားတဲ့ ခွေးလေး ဘိုဘီကို သူ့ရဲ့ အသက်အရွယ်နဲ့ ပတ်သက်ပြီး သံသယရှိကြတဲ့ တိရစ္ဆာန်ဆရာဝန်တွေရဲ့ တိုင်ကြားမှုတွေ များပြားလာတာကြောင့် GWR အဖွဲ့က ဘိုဘီရဲ့ အသက်ကို ပြန်လည်စစ်ဆေးမှုတွေ တရားဝင် စတင်ခဲ့ပါတယ်။

မနေ့ကတော့ ဘိုဘီဟာ ၃၁ နှစ်ကျော်နေထိုင်ခဲ့ကြောင်း ခိုင်လုံတဲ့ အထောက်အထားမတွေ့ရှိရတာကြောင့်နဲ့ ဘိုဘီ ရဲ့ မွေးသက္ကရာဇ်ကို အတိအကျ သက်သေပြနိုင်တဲ့ ခိုင်လုံတဲ့ အထောက်အထား မရှိသေးတာကြောင့် GWR အဖွဲ့က စံချိန်ကို ပြန်လည်ရုပ်သိမ်းခဲ့တာပါ။

“အခုလောလောဆယ် ကျွန်တော်တို့အတွက် ရနိုင်တဲ့ ခိုင်လုံတဲ့ အထောက်အထားမရှိရင် ကျွန်တော်တို့က ဘိုဘီ ကို မှတ်တမ်းကိုင်ထားသူအဖြစ် မထိန်းသိမ်းနိုင်သလို ကျွန်တော်တို့ကိုယ်တိုင် သတ်မှတ်ထားတဲ့ မြင့်မားတဲ့စံနှုန်းတွေကို ထိန်းသိမ်းဖို့ ဖြစ်ပါတယ်” လို့ GWR က ဒါရိုက်တာ Mark McKinley က ဆိုပါတယ်။

တိရစ္ဆာန်စောင့်ရှောက်ရေး ခွေးမျိုးစိတ်တွေရဲ့ပုံမှန်သက်တမ်းက ၁၂ နှစ်ကနေ ၁၄ နှစ်အထိဖြစ်ပြီး ပေါ်တူဂီ မျိုးသန့်မျိုးရိုးဖြစ်တဲ့ ဘိုဘီဟာ သူရဲ့ ပုံမှန်သက်တမ်း ၂ ဆကျော်အထိ နေထိုင်နိုင်ခဲ့တယ်လို့ အများက ထင်ခဲ့ကြတာဖြစ်ပြီး ဘိုဘီ ချိုးခဲ့တဲ့ အရင်စံချိန်ဟောင်းကတော့ ၁၉၃၉ ခုနှစ်က အသက်၂၉ နှစ်နဲ့ ၅ရက် အကြာမှာ သေဆုံးခဲ့တဲ့ ဩစတြေးလျနိုင်ငံက အသက်ရှည်ဆုံးခွေးလေးဖြစ်ခဲ့တဲ့ Bluey ရဲ့ ရာစုနှစ်တစ်ခုနီးပါးရှိခဲ့တဲ့ စံချိန်ပဲဖြစ်ပါတယ်။

Ref; Reuters

Leave a Reply

Your email address will not be published. Required fields are marked *