October 19, 2024

၂၃. ၂. ၂၀၂၄
Written by Hey Mar

စစ်ကိုင်း-မန္တလေးလမ်း၊ ရတနာပုံတံတား(ဧရာဝတီ) အဆင်း၊ နှာပေါက်တိုးဂိတ်အနီးမှာ ယာဥ်တစ်စီး ဘရိတ်ပေါက်ပြီး ရှေ့ယာဥ်နဲ့ နောက်ပိုင်းကို အရှိန်နဲ့ ဝင်တိုက်တာကြောင့် ယာဥ်လေးစီးဆင့်တိုက်မှုဖြစ်စဥ် ဒီနေ့ ဖေဖော်ဝါရီ ၂၃ ရက် မနက် ၉ နာရီဝန်းကျင်ခန့်က ဖြစ်ပွားခဲ့တယ်လို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ ဗဟိုရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ဖြစ်စဥ်က ဖေဖော်ဝါရီ ၂၃ ရက် မနက် ၈ နာရီ ၄၈ မိနစ် အချိန်ခန့်က မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ ရွှေကြက်ယက်ကျေးရွာ၊ စစ်ကိုင်း-မန္တလေးလမ်း၊ ရတနာပုံတံတား(ဧရာဝတီ)အဆင်း၊ နှာပေါက်တိုးဂိတ်အနီးမှာဖြစ်ပွားခဲ့ပြီး MISUBISHI CANTER အမျိုးအစားခြောက်ဘီး(အဖြူရောင်)ယာဉ်က ဘရိတ်ပေါက်ကာ လမ်းကြောတူရှေ့ရှိ SUZUKI CARRY အမျိုးအစား(အဖြူရောင်) ယာဉ်ကို တိုက်မိခဲ့တယ်လို့ သိရပါတယ်။ SUZUKI CARRY ယာဉ်က တစ်ဆင့် Super Custom အမျိုးအစား(အညိုရောင်)ယာဉ်ကို ဆက်လက်တိုက်မိခဲ့ပြီး ထိုယာဉ်မှတစ်ဆင့် NISSAN (၁၂)ဘီး (ခဲရောင်)ယာဉ်ကို ဆက်လက်တိုက်မိမှုဖြစ်ပွားခဲ့တာလို့ သိရပါတယ်။

ယာဥ်တိုက်မှုကြောင့် MISUBISHI CANTER ယာဉ်မှ ယာဉ်နောက်လိုက် အမျိုးသားတစ်ဦး ယာဉ်ခေါင်းခန်းမှာ ညပ်နေကြောင်း သတင်းရရှိတာကြောင့် အမရပူရမြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်တွေ၊ ဘုံးအိုးအရန်မီးသတ်စခန်းမှ အရန်မီးသတ်တပ်ဖွဲ့ဝင်တွေ ၊ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့မှ အဖွဲ့ဝင်တွေနဲ့ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ ထွက်ခွာဆောင်ရွက်ခဲ့ရာ မနက် ၉နာရီ ၅မိနစ်အချိန်မှာ ယာဉ်ခေါင်းခန်းမှာ ညပ်နေသူကို ထိခိုက်ဒဏ်ရာရ(မစိုးရိမ်ရ)အခြေအနေနဲ့ ကယ်ထုတ်နိုင်ခဲ့တယ်လို့သိရပါတယ်။

အဆိုပါ လူနာကို သံဝေဂဉာဏလူမှုကူညီရေးအသင်းယာဉ်နဲ့ မန္တလေးပြည်သူ့ဆေးရုံကြီးဆီ ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *