October 23, 2024

၅ – ၁၂ – ၂၀၂၂
Written By Naddy

တစ်ချိန်က ပရိသတ်များအကြားရေပန်းစားခဲ့သော “မျက်နှာ” သီချင်းဖြင့် အောင်မြင်ခဲ့သည့် တေးသံရှင် Fly@ညီဝင်းထွန်း အသက် (၄၁)နှစ်သည် ဒီဇင်ဘာ ၄ ရက် နံနက်ပိုင်းက နှလုံးအဆို့ရှင်ဟသည့်ရောဂါဖြင့် ရုတ်တရက်ကွယ်လွန်ခဲ့သည်။

တေးသံရှင် Fly@ညီဝင်းထွန်း ကို ဒီဇင်ဘာ ၆ရက် မွန်းလွဲ ၂ နာရီတွင် ရန်ကုန်မြို့ရှိ ရေဝေးသုသာန်၌ သင်္ဂြိုဟ်မည်ဖြစ်ပြီး နေ့လည် ၁၂ နာရီတွင် ရန်ကုန်မြို့ စမ်းချောင်းမြို့နယ်ရှိ နေအိမ်မှ ကားများစတင်ထွက်ရှိမည်ဖြစ်သည်။

လူငယ်ထုအကြားအောင်မြင်ခဲ့သည့် ”မျက်နှာ” တေးသီချင်းကို တေးရေး – တေးဆို အဆိုတော် ပူစူး က ရေးသားခဲ့ပြီး Fly@ညီဝင်းထွန်း က သီဆိုခဲ့ခြင်းဖြစ်သည်။

တေးသံရှင် Fly@ညီဝင်းထွန်း သည် ဒီဇိုင်နာ နေခြည်၏ ခင်ပွန်းဖြစ်ပြီး သမီးနှစ်ယောက်ကျန်ရှိကာ IMP Music Band အဖွဲ့ကို တည်ထောင်ထားသူလည်းဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *