October 20, 2024

၂၂. ၂. ၂၀၂၄
Written by Nay Moe

မြိတ်မြို့က Sea View ကွန်ဒိုအနီးမှာ မနေ့ညက ပေါက်ကွဲမှုဖြစ်ပွားခဲ့တာကြောင့် အလှဖန်တီးရှင် အမျိုးသားတစ်ဦး သေဆုံးသွားခဲ့ပြီး နှစ်ဦးဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ဖြစ်စဉ်ဟာ မနေ့က ဖေဖော်ဝါရီ ၂၁ ရက် ည ၇ နာရီ ၄၅ မိနစ်အချိန်ခန့်မှာ တနင်္သာရီတိုင်း၊ မြိတ်မြို့၊ ရေပုန်းရပ်ကွက်၊ ကမ်းနားလမ်းပေါ်က Sea View ကွန်ဒိုအနီးအမှိုက်ပုံးမှာ လက်လုပ်မိုင်းထောင်ထားတာက ပေါက်ကွဲခဲ့တာဖြစ်ပြီး ဒီပေါက်ကွဲမှုကြောင့် လမ်းပေါ်သွားလာနေတဲ့ မြိတ်မြို့၊ ရေပုန်းရပ်ကွက်မှာ နေထိုင်တဲ့ ကိုဇော်လင်းဦး(ခ)သားကြီး (၃၇) နှစ်ဟာ ဦးခေါင်းနောက်စေ့ပွင့်ထွက်ဒဏ်ရာရရှိပြီး ည ၈ နာရီ ၂၅ မိနစ်အချိန်မှာ သေဆုံးသွားခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် အသက် ၂၅ နှစ်ခန့်အရွယ် ကိုနေလင်းနဲ့ အသက် ၄၀ ခန့်အရွယ် ဒေါ်သင်းသင်းစိုးတို့လည်း ပေါက်ကွဲစထိမှန်ဒဏ်ရာအသီးသီးရရှိခဲ့လို့ ဒဏ်ရာရရှိသူ ၂ ဦးကို မြိတ်ဆေးရုံကြီးမှာ ကုသပေးနေတယ်လို့သိရပါတယ်။

ကွယ်လွန်သူ ကိုဇော်လင်းဦး (ခ) မိတ်ကပ်သားကြီးကို လာမဲ့ တနင်္ဂနွေနေ့ နေ့လယ် ၁ နာရီမှာ နေအိမ်ကနေ ကလွင်သုသာန်ကို ပို့ဆောင် ဂူသွင်းသင်္ဂြိုဟ်မှာဖြစ်တယ်လို့လည်း ကျန်ရစ်သူမိသားစုထံက သိရပါတယ်။ (Photo – CJ)

Leave a Reply

Your email address will not be published. Required fields are marked *