October 23, 2024

၅- ၁၂- ၂၀၂၂

Written By Naddy

မကြာသေးမီက ကျင်းပသည့် Miss Universe Myanmar 2022 ပြိုင်ပွဲကြီးတွင် 1st Runner Up ဆုကို ရရှိထားသူ အလှမယ် ယမုံသည် ပညာရေးနှင့် ကိုယ်ရေးကိုယ်တာကိစ္စရပ်များကြောင့် နှုတ်ထွက်လိုက်ပြီဖြစ်ကြောင်း ဒီဇင်ဘာ ၅ရက်က သိရသည်။

အလှမယ် ယမုံသည် ပညာရေးနှင့် ကိုယ်ရေးကိုယ်တာကိစ္စရပ်များဆောင်ရွက်ရန်ရှိပါသဖြင့် 1st Runner Up အဖြစ်မှ နှုတ်ထွက်ခွင့်ပြုပါရန် တင်ပြခဲ့ခြင်းဖြစ်ပြီး Miss Universe Myanmar Organization မှလည်း လက်ခံခွင့်ပြုခဲ့ခြင်းဖြစ်သည်။

ယမုံသည် အနုပညာလမ်း ကြောင်းတွင် မော်ဒယ်၊ အလှမယ်တစ်ဦးအဖြစ် အနုပညာအလုပ်များကို လုပ်ကိုင်နေသူလည်းဖြစ်သည်။

Miss Universe Myanmar 2022 ပြိုင်ပွဲဝင်ပြိုင်စဉ်အချိန်က သူ့မ၏ ခန္ဓာကိုယ်ပိုင်းနှင့် စပ်လျဉ်း၍ ဝေဖန်မှုများကို အများဆုံးခံခဲ့ရသူဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *