October 20, 2024

MT News
၂၂. ၂. ၂၀၂၄

အမေရိကန်ဒေါ်လာ သုည ဒသမ ၇၀၄ သန်းနှင့် ကျပ် သန်း ၉၀၀၀ ကျော်တန်ဖိုးရှိ လုပ်ငန်းလေးခုအား ရန်ကုန်တိုင်းအတွင်းမြှုပ်နှံခွင့်ပြုလိုက်ကြောင်းရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီ၏ (၂/၂ဝ၂၄) ကြိမ်မြောက် အစည်းအဝေး ခွင့်ပြုချက်အရ သိရသည်။

ယမန်နေ့ကပြုလုပ်သည့် အဆိုပါ အစည်းအဝေး၌ ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီသည် ဟိုတယ် ဝန်ဆောင်မှုကဏ္ဍတွင် ရာခိုင်နှုန်းပြည့် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (၂)ခု၊ စက်မှုကဏ္ဍတွင် ရာခိုင်နှုန်းပြည့်မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (၁) ခုနှင့် ဖက်စပ် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်း (၁) ခုကို အတည်ပြုပေးခဲ့ပြီး အတည်ပြုပေးခဲ့သည့် လုပ်ငန်းများမှာ ဟိုတယ်ဝန်ဆောင်မှုလုပ်ငန်း၊ ၁၀၀% ပြည်တွင်း၌ ရောင်းချမည့် ဆောက်လုပ်ရေး လုပ်ငန်းသုံးပစ္စည်းများ ထုတ်လုပ်ရောင်းချခြင်း လုပ်ငန်း၊ ဆန်အမျိုးမျိုး ကြိတ်ခွဲတင်ပို့ ရောင်းချခြင်းလုပ်ငန်းတို့ ဖြစ်သည်။

အဆိုပါ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ၏ မတည်ငွေရင်းပမာဏမှာ မြန်မာငွေကျပ် ၉၁၅၁ ဒသမ ၈၀၀ သန်းနှင့် အမေရိကန်ဒေါ်လာ ၀ ဒသမ ၇၀၄ သန်းဖြစ်ပြီး ပြည်တွင်းအလုပ်အကိုင် အခွင့်အလမ်း (၉၄) ဦးအတွက် ဖန်တီးပေးနိုင်မည်ဖြစ်ကြောင်းနှင့် အစည်းအဝေးတွင် မတည်ငွေရင်းပမာဏ တိုးမြင့်မည့် လုပ်ငန်း (၁)ခု အပါအဝင် အထွေထွေကိစ္စရပ်များ တင်ပြလာသည့် ကုမ္ပဏီ (၈)ခု၏ တင်ပြချက်များကိုလည်း ဆွေးနွေးဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *