October 20, 2024

၂၂. ၂. ၂၀၂၄
Written by Hey Mar

ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့နယ်၊ ဒဂုံ- သီလဝါကားလမ်း၊ ကုလားဝဲကျေးရွာအနီး၊ ကုလားဝဲတံတားအဆင်းမှာ သုံးဘီးဆိုင်ကယ်ကို တိမ်းရှောင်လိုက်တဲ့ ဆီဘောက်ဆာကား လမ်းဘေးထိုးကျ တိမ်းမှောက်မှု ဒီနေ့ ဖေဖော်ဝါရီ ၂၂ ရက် နေ့လည် ၁၂ နာရီကျော်အချိန်က ဖြစ်ပွားခဲ့တယ်လို့ မြေပြင်အကူအညီ ရောက်ရှိခဲ့တဲ့ အကြင်နာကုသိုလ်ပြု လူမှုကူညီရေး အသင်းထံကနေ သိရပါတယ်။

ဖြစ်စဥ်အတွင်း လူသေဆုံးမှုမရှိခဲ့ပေမယ့် သုံးဘီးဆိုင်ကယ်မောင်းနှင်သူကတော့ အနီရောင်အဆင့် ဒဏ်ရာတွေရရှိခဲ့တာကြောင့် ​သန်လျင်ဆေးရုံကို ပို့ဆောင်ပေးရတယ်လို့ သိရပါတယ်။

“ဘောက်ဆာကားက တုံးလုံးလဲသွားတာ။ ဘောက်ဆာပေါ်က နှစ်ဦးစလုံးကအန္တရာယ်ကင်းပါတယ်။ ပွန်းပဲ့ ဖူးယောင်ဒဏ်ရာလောက်ပဲ ရတယ်။ အခြေအနေဆိုးတာက ဆိုက်တွဲမောင်းသူပါ။ ဆီဘောက်ဆာကားက ဆီအပြည့် တင်လာတာမို့ လောင်ကျွမ်းပေါက်ကွဲမှာ စိုးရိမ်ရလို့ မီးသတ်တပ်ဖွဲ့ဆီအကြောင်းကြားတာတွေ ကူညီဆောင်ရွက်ပေးခဲ့ပါတယ်” လို့ အကြင်နာကုသိုလ်ပြု လူမှုကူညီရေးအသင်းက MT News ကို ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *