October 20, 2024

၂၂. ၂. ၂၀၂၄
Written by Min Mahar

ရုံးအတွင်း အစည်းအဝေးလုပ်နေသော ကျေးရွာအုပ်ချုပ်ရေးမှူးကို PDF များက ဝင်ရောက်ပစ်ခတ်သတ်ဖြတ်သွားမှု ရွှေကျင်မြို့နယ်တွင် ယမန်နေ့ မွန်းလွဲပိုင်းက ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ဖြစ်စဉ်မှာ ယမန်နေ့ (ဖေဖော်ဝါရီ ၂၁ ရက်) မွန်းလွဲ ၁ နာရီ ၁၅ မိနစ်ခန့်က ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့နယ်၊ ခြေတော်ရာကျေးရွာတွင် နေထိုင်သော အသက် ၄၅ နှစ်အရွယ်ခန့်ရှိသည့် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမျိုးကြည်သည် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအတွင်း၌ ရပ်ရွာအကျိုးအတွက် အစည်းအဝေးပြုလုပ်နေစဉ် PDF များရောက်လာပြီး သေနတ်ဖြင့် ၅ ချက်ခန့်ပစ်ခတ်သွားသည့်အတွက် အုပ်ချုပ်ရေးမှူးသည် ဦးခေါင်း၊ မျက်နှာ၊ ယာဘက်ရင်အုံနှင့် ယာဘက်လက်တို့ကို ကျည်များထိမှန်ကာ ဖြစ်စဉ်ဖြစ်ပွားရာနေရာမှာပင် ပွဲချင်းပြီး သေဆုံးသွား​ကြောင်း သိရသည်။

“အစည်းအဝေးလုပ်နေတဲ့ အုပ်ကြီးကို သေနတ်ကိုယ်စီကိုင်ထားတဲ့ အမည်မသိ PDF တွေ ရောက်လာပြီး အစည်းအဝေးလုပ်နေတဲ့ အဲ့ဒီရုံးခန်းထဲမှာပဲ သေနတ်နဲ့ ဝင်ပစ်သတ်သွားတာ။ လေးငါးခြောက်ယောက်လောက်ရှိမယ် ဆိုင်ကယ်သုံးစီးနဲ့ရောက်လာကြတာ။ ဒီနယ်ကမဟုတ်တဲ့ မျိုးကြည် အုပ်ကြီးလုပ်ချင်ဦးကွာ လို့ပြောပြီ သတ်သွားတာပဲ”ဟု ရွာခံတစ်ဦးက ဆိုသည်။

Leave a Reply

Your email address will not be published. Required fields are marked *