October 19, 2024

၂၂. ၂. ၂၀၂၄
Written By Thandar

စီးပွားရေးလုပ်ငန်းသာမက အနုပညာပိုင်းတွေမှာပါ အောင်မြင်မှုများစွာကိုရရှိထားတဲ့ သရုပ်ဆောင် ညီနန္ဒကတော့ ယနေ့ အသက် ၄၇ နှစ်ပြည့် မွေးနေ့အမှတ်တရအနေနဲ့ “စံပယ်” သီချင်းကို ထွက်ရှိခဲ့တယ်လို့ ဆိုပါတယ်။

“ဒီနေ့ ကျွန်တော့် အသက် ၄၇ နှစ် ပြည့်ပါတယ်။ မွေးနေ့အမှတ်တရ “စံပယ်” သီချင်းလေးဖြစ်မြောက်အောင် မေတ္တာစေတနာအပြည့်နဲ့ ဝန်းရံပေးကြသူအားလုံးရယ်၊ ဒါ့ပြင် Location Sponsor Inya Lake Garden ၊ လိုအပ်တဲ့ အဝတ်အစား ဒီဇိုင်းအတွက် အမြဲအသင့်ရှိနေတဲ့ ချစ်ကိုကြီးကိုတင်မြင့် ကျေးဇူးပါ။ ကျွန်တော့်ရဲ့ အနုပညာသက်တမ်း နှစ်ပေါင်း ၃၀ တိုင်အားပေးခဲ့တဲ့ ချစ်ပရိသတ်တွေကိုလည်း ကျေးဇူးအထူးတင်ပါတယ် ”လို့ ညီနန္ဒက ပြောပါတယ်။

အဆိုပါ တေးသီချင်းကို တေးရေး ဂျက်မြသောင်း၊ နေမျိုးဆေးတို့က ရေးသားထားတာဖြစ်ပြီး ဒါရိုက်တာ မယ်မင်းဘုံက သရုပ်ဆောင် ညီနန္ဒ ၊ ဝေလာရီ ၊ ဇွဲကြီး၊ ဉာဏ်ကြီး၊ စိုးကြီး (ကြီးသုံးကြီး) အဖွဲ့နဲ့ ရိုက်ကူးထားပါတယ်။

“မွေးနေ့ ဆုတောင်းပေးကြတဲ့ ချစ်ခင်သူ အားလုံး ကျေးဇူးအထူးတင်ပါတယ်။ ကျွန်တော် နေ့စဉ် ပြုသမျှ ကုသိုလ် ကောင်းမှုအားလုံး ထပ်တူရကြပါစေ ”လို့ သူက ဆက်ပြောပါတယ်။

ညီနန္ဒကတော့ လက်ရှိမှာ အနုပညာလှုပ်ရှားမှုအနေနဲ့ ဇာတ်လမ်းတွဲတွေ ဇာတ်လမ်းတိုတွေနဲ့ ကြော်ငြာများစွာကို ရိုက်ကူးလျက်ရှိနေပြီးတော့ မကြာမီရက်ပိုင်းက ပြင်ဦးလွင်မှာ “အတ္တဆူး” ဇာတ်လမ်းတွဲကို ရိုက်ကူးလျက်ရှိတယ် လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *