October 19, 2024

၂၂. ၂. ၂၀၂၄
Written by Ye Kyaw

ရန်ကုန်တိုင်းဒေသကြီးသို့ ဝင်ရောက်သည့် လျှပ်စစ်ဓာတ်အားလိုင်း အပြစ်ဖြစ်ပေါ်နေ၍ ရန်ကုန်တိုင်းတစ်တိုင်းလုံးနီးပါး ယာယီလျှပ်စစ်ဓာတ်အား ပြတ်တောက်လျက်ရှိပြီး လျှပ်စစ် ဓာတ်အားပြန်လည်ရရှိရန် အချိန်ကြာမြင့်နိုင်ကြောင်း သိရသည်။

“ဟုတ်ပါတယ်။ ရန်ကုန်တိုင်းတစ်တိုင်းလုံး မီးမရသေးပါဘူး။ System breakdown ဖြစ်နေပါတယ်။ ဘယ်အချိန်ပြန်ရမယ်ဆိုတာ မသိရသေးဘူး။ ဘာဖြစ်တယ်ဆိုတာတော့ ပြောလို့မရလို့ပါ။ ရန်ကုန်အဝင် ဓာတ်အားလိုင်းက အပြစ်ဖြစ်နေရလို့ပါ။ အချိန်ကတော့ ကြာနိုင်ပါတယ်” ဟု ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှ တာဝန်ရှိသူက ပြောသည်။

လက်ရှိဖြစ်စဥ်အပေါ် ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း၏ လူမှုကွန်ရက်စာမျက်နှာတွင်လည်း နံနက် ၁၁ နာရီ ၄၀ မိနစ်အချိန်ခန့်က ဓာတ်အားစနစ် ချို့ယွင်းမှုဖြစ်ပေါ် သွားသဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း ယာယီဓာတ်အားပြတ်တောက်နေကြောင်းနှင့် ဓာတ်အားပြန်လည်ပေးနိုင်ရေး အချိန်နှင့်တစ်ပြေးညီ ကြိုးပမ်းဆောင်ရွက်လျှက်ရှိကြောင်း မိဘပြည်သူများထံသို့ လေးစားစွာ အသိပေးပန်ကြားအပ်ကြောင်း ဖော်ပြထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *