October 19, 2024

၂၂. ၂. ၂၀၂၄
Writer & Photo Naing Thuta

ယနေ့ ဖေဖော်ဝါရီ ၂၂ ရက်နေ့တွင် Grade 5 နှင့် Grade 9 အတန်းတင် စာမေးပွဲကို စတင်ဖြေဆိုခဲ့ရာ မန္တလေးမြို့ပေါ်ရှိ ကျောင်းသားကျောင်းသူများ အေးချမ်းစွာ သွားလာဖြေဆိုခဲ့ရကြောင်း မြို့နေပြည်သူများထံမှ သိရသည်။

“ဒီနေ့ Grade 5 နှင့် Grade 9 အတန်းတင်စာမေးပွဲ စတင်ဖြေဆိုနေကြတာပါ။ ဒီနေ့က မြန်မာစာဘာသာရပ်ကို ​ဖြေဆိုရတာပါ။ အခုထိတော့ အေးအေးချမ်းချမ်းနဲ့ ပထမနေ့ကို အောင်မြင်စွာ ဖြတ်သန်းခဲ့ပါပြီ။ သက်ဆိုင်ရာ တာဝန်ရှိသူတွေဘက်ကလည်း လုံခြုံရေးကို အထူးဂရုစိုက်ပြီး လုပ်ဆောင်နေကြတာကိုလည်း တွေ့ရပါတယ်။ မနှစ်ကဆိုရင် မန္တလေးတိုင်းထဲမှာ အခုလိုဖြေဆိုရတဲ့ စနစ်ဟောင်း ၈ တန်း အတန်းတင်စာမေးပွဲမှာ စာမေးပွဲမေးခွန်းတွေပေါက်ကြားလို့ အဆင့်ဆင့်တာဝန်ရှိသူတွေ စစ်ဆေးအရေးယူခံရပါတယ်။ ဒီနှစ်မှာတော့ အခုလိုမဖြစ်ပွားအောင် တာဝန်ရှိသူတွေအဆင့်ဆင့် အထူးအလေးထားပြီးတော့ ကြပ်မတ်ဆောင်ရွက်ပေးခဲ့ပါတယ်။ သင်ကြားရေးပိုင်းမှာလည်း သက်ဆိုင်ရာ အစိုးရကျောင်းများနဲ့ ကိုယ်ပိုင်အထက်ကျောင်းများပါမကျန် အကုန်လုံး တိုးတက်ကောင်းမွန်အောင် လက်လှမ်းမီသလောက် ပညာရေးအသိုင်းအဝိုင်းက ဝိုင်းဝန်းကြိုးပမ်းထားကြပါတယ်။ ဆရာ/ဆရာမတွေကလည်း ကျောင်းသားကျောင်းသူတွေကို တကယ့်အရည်အချင်းရှိတဲ့သူတွေ ဖြစ်လာအောင် အထူးဂရုစိုက် သင်ကြားခဲ့တာကို မြေပြင်ကွင်းဆင်း စစ်ဆေးတဲ့အခါမှာ တွေ့ရပါတယ်”ဟု မန္တလေးတိုင်းဒေသကြီး ပညာရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ထိုစာမေးပွဲအား အေးအေးချမ်းချမ်းနှင့် အောင်မြင်စွာပြီးမြောက်ဖြေဆိုနိုင်ရေးအတွက် သက်ဆိုင်ရာ တာဝန်ရှိသူများမှ မန္တလေးမြို့ပေါ်တွင် ယခင်နေ့များထက် လုံခြုံရေးတပ်ဖွဲ့ဝင်များကို အထူးချမှတ်ဆောင်ရွက်ထားကြောင်းလည်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *