October 30, 2024

တရားမဝင် ဝင်ရောက်လာသူ မြန်မာနိုင်ငံသားများ၏ အိတ်များအား ထိုင်းရဲတပ်ဖွဲ့က ဒီဇင်ဘာလ ၄ ရက်တွင်စစ်ဆေးနေစဥ်။

၅. ၁၂. ၂၀၂၂
Translated by Htwe Ko Tun

ထိုင်းနိုင်ငံ ဆိုင်ယုတ်ခရိုင်ရှိ စစ်ဆေးရေးဂိတ်တစ်ခုတွင် ဒီဇင်ဘာ ၄ ရက်က ကားသုံးစီးဖြင့်ဝင်ရောက်လာသော မြန်မာနိုင်ငံသား ၅၃ ဦးကိုဖမ်းမိခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က ဒီဇင်ဘာ ၅ ရက်တွင် ပြောသည်။

ထိုကားသုံးစီးတွင် SUV တစ်စီးနှင့် ပစ်ကပ်နှစ်စီးတိုပါဝင်ကာ စစ်ဆေးရေးဂိတ်တွင် ဒီဇင်ဘာ ၅ ရက် နံနက် ၅ နာရီခွဲအချိန်ခန့်က ရပ်တန့် စစ်ဆေးဖမ်းမိခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ကားသုံးစီးပေါ်၌ မြန်မာနိုင်ငံသား အမျိုးသား ၄၃ ဦးနှင့် အမျိုးသမီး ၁၀ ဦးတွေ့ရှိရကာ ၎င်းတို့ကို ဥပဒေနှင့်မညီဝင်ရောက်လာမှုကြောင့် ဖမ်းဆီးတရားစွဲဆိုသွားမည်ဟု ရဲတပ်ဖွဲ့က ပြောသည်။ ကန်ချနာဘူရီ ပြည်နယ် ရဲမှူးကြီး ဥကရစ်ကာလာနာရာမစ် က တရားမဝင်ဝင်ရောက်လာသူများထံတွင် ခရီးသွားစာရွက်စာတမ်းတစ်စုံတစ်ရာ မပါရှိကြောင်း၊ ၎င်းတို့ကထိုင်းနိုင်ငံအတွင်းသို့ တစ်ဦးလျှင် ဘတ် ၃၅၀၀၀ မှ ၄၀,၀၀၀ အထိပေးကာ ဒီဇင်ဘာ ၃ ရက်က ဝင်ရောက်လာကြခြင်းဖြစ်ကြောင်း ပြောခဲ့သည်။

ကားသုံးစီး၏ယာဉ်မောင်းများက ၎င်းတို့အား အခကြေးငွေပေးကာ ငှားရမ်းခဲ့၍ ပို့ဆောင်ခြင်း ဖြစ်ကြောင်း ပြောခဲ့ကြသည်။ ၎င်းတို့ သုံးဦးစလုံးမှာ သုန်ပါဖွမ် ခရိုင်မှဖြစ်ကြကာ လက်ရှိတွင် ဖမ်းဆီးထားပြီး နိုင်ငံအတွင်း တရားမဝင်ဝင်ရောက်လာသူ နိုင်ငံခြားသားများကို အကူအညီပေးမှုဖြင့် အမှုဖွင့်ထားကြောင်း ထိုင်းရဲတပ်ဖွဲ့က ပြောခဲ့သည်။

ယာဉ်မောင်းများက ၎င်းတို့အား ပုန် ဆိုသူလူတစ်ဦးက တရားမဝင်ဝင်ရောက်လာသူများအား ကန်ချနာဘူရီမြို့သို့ ပို့ပေးရန် ဝင်ရောက်လာသူတစ်ဦးအတွက် ဘတ် ၆,၀၀၀ စီပေးကာ ငှားရမ်းခဲ့ခြင်းဟု ပြောခဲ့ကြသည်။

Ref—– Bangkok Post

Leave a Reply

Your email address will not be published. Required fields are marked *