October 19, 2024

၂၂. ၂. ၂၀၂၄
Written By Thandar

ပရိသတ်ချစ်ခင်မှုများစွာ ရရှိလာတဲ့ သရုပ်ဆောင် ဆောင်းယွန်းစံကတော့ ကျန်းမာရေးချူခြာလာတာမို့ ကိုယ့်ကိုယ်ကိုယ် ကင်ဆာဖြစ်မှာကြောက်ပြီး အတွေးလွန်ပြီး ခံစားချက်တစ်မျိုးဖြစ်နေတယ်လို့ ရင်ဖွင့်လာပါ တယ်။

“အသက်၃၀ကျော်လာပြီဆိုတော့ ၃၀ ကျော်နဲ့ ညီမျှတဲ့ ကျန်းမာရေးထိခိုက်မှုတွေ ရှိလာတာပေါ့။ ဆောင်း လောလောဆယ် အရေးကြီးတဲ့အပိုင်းတွေ စစ်ဆေးရေးလုပ်ဖို့တော့ရှိပါတယ်။ ပရိသတ်ရဲ့ မေတ္တာကိုခံယူချင်လို့ ပြောခဲ့ပေမယ့် ကိုယ့်ကိုမုန်းတဲ့သူတွေက သေပါစေလို့ ဆုတောင်းနေမှာဆိုးလို့ မပြောတော့ဘူး။ ဆောင်း ဆေး စစ်ရင်းနဲ့ မထင်မှတ်တာလေးတွေ့တာပါ။ တစ်ခုခုဖြစ်ရင်တော့ ဆောင်းရဲ့ ပရိသတ် Fan တွေကို ဆောင်း ချွဲမှာပါ။ ငိုပြီးချွဲမှာ။ ငါသာ မတော်တဆ ရောဂါကြီးကြီးမားမားဖြစ်သွားရင် ကင်ဆာဖြစ်သွားရင် ဆိုတဲ့ အတွေး တွေ အများကြီးတွေးဖြစ်တယ်”လို့ သရုပ်ဆောင် ဆောင်းယွန်းစံက ပြောပါတယ်။

သူမကတော့ လက်ရှိ ကျန်းမာရေးချူခြာပြီး နေသိပ်မကောင်းတဲ့အတွက် ဆေးစစ်ဆေးမှု တစ်ခုလုပ်ဆောင်ရင်း မထင်မှတ်ထားတဲ့ ကင်ဆာလို့ထင်မြင်မိခဲ့တာလို့လည်း ဆိုပါတယ်။ ဆောင်းယွန်းစံကတော့ စဉ်ဆက် မပြတ် ပရဟိတ အလှူလေးတချို့ လုပ်ကိုင်နေသလို့ ဇာတ်ကားတစ်ချို့ ရိုက်ကူးနေလျှက်ရှိပါတယ်။ မှန်ကန်တဲ့ ဆေးစစ်ချက်အဖြေသိရလို့ ကျန်းမာတယ်ဆိုရင် အရင်လို အနုပညာအလုပ်တွေ ဆက်လက်လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။

“ရုတ်တရက် ငါသာ သေသွားမယ်ဆိုရင်။ အရင်တုန်းက သေမယ်ဆိုတာ ကိုယ်နဲ့ အဝေးကြီးလို့ထင်မိတာလေ။ ကိုယ်က တကယ်တမ်းရောဂါဆိုးတစ်ခုကြုံလာပြီဆိုရင် သေတယ်ဆိုတာ ကိုယ်နဲ့ အရမ်း နီးကပ်သွားပြီ။ ကင်ဆာဖြစ်မှာစိုးတဲ့အတွေးနဲ့ ငိုခဲ့မိတာပါ။ လက်ရှိ ကျန်နေမယ့် အချိန်မှာ ဆောင်း ဘာတွေဆက်လုပ်သင့်လဲပေါ့။ ဘာလုပ်ပြီး ဖြတ်သန်းမလဲ။ ကိုယ်တိုင်ရော ရင်ဆိုင်နိုင်ပါ့မလား။ ကိုယ်တိုင်က အများကြီးကြိုးစားပြီးနေတာကိုး။ ပြီးတော့ ဘာလို့ဖြစ်တာတုန်းပေါ့။ စိတ်ဓာတ်ကျတာတော့ မဟုတ်ဘူး။ စိတ်ဓာတ်ကျတာမျိုး မဟုတ်ပေမယ့် ခံစားချက်က တစ်မျိုးလေးတော့ ဖြစ်နေတယ်”လို့ သူမက ဆက်ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *