၅ -၁၂- ၂၀၂၂
Written By Naddy
ဇာတ်မင်းသား ဖိုးချစ် (ပန်တျာ) နှင့် တေးရေး၊ တေးဆို သျှန်ထွဏ်း (မြန်မာစာ) တို့ ဖမ်းဆီးထိန်းသိမ်းခံရထားရကြောင်း ဒီဇင်ဘာ ၅ ရက်က သိရသည်။
၎င်းတို့ နှစ်ဦးအား ဖမ်းဆီးထိန်းသိမ်းခံရခြင်း အကြောင်းအရင်းကို ဆက်သွယ်မေးမြန်းရာ အတိအကျ မသိရသေးဘဲ ဆက်လက်စုံစမ်းလျက်ရှိသည်။
ဖိုးချစ်၏ အစ်ကိုဖြစ်သူက ၎င်း၏လူမှုကွန်ရက်စာမျက်နှာတွင် “အစစအရာရာ အဆင်ပြေပါစေ။ သူတော်ကောင်းနဲ့ တွေ့ပါစေ” ဟု ရေးသားထားသည်။
အဆိုပါ Post ပိုစ့်အောက်တွင် မိတ်ဆွေများ၊ သဘင်ပညာရှင် အသိုင်းအဝိုင်းတချို့ကလည်း ဘေးကင်းပါစေဟု ရေးသားထားကြသည်။
ဇာတ်မင်းသားဖိုးချစ်အား ၎င်း၏လူယုံတစ်ဦးနှင့်အတူနေအိမ်တွင် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ပြီး တေးရေး၊ တေးဆို သျှန်ထွန်း(မြန်မာစာ)အား ပုဂံသို့ အသွား၌ အမြန်လမ်း Zero မိုင်တွင် ညီမဖြစ်သူနှင့်အတူ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။