October 20, 2024

၂၁.၂.၂၀၂၄
Translated by Htwe Ko Tun

အသက် ၃၃ နှစ်ရှိ ထိုင်းနိုင်ငံမှ အမျိုးသားတစ်ဦးက ဇနီးဖြစ်သူနှင့်အတူ ၎င်း၏မွေးနေ့ပွဲကျင်းပနေစဉ် နှစ်ဦးစကားများရန်ဖြစ်ကြရာမှ ဇနီးဖြစ်သူကို သတ်၍ အလောင်းအား မီးရှို့ခဲ့မှုကို ထိုင်းရဲတပ်ဖွဲ့က ဖေဖော်ဝါရီ ၂၁ ရက်တွင် ဖော်ထုတ်ဖမ်းမိခဲ့ကြောင်းသိရသည်။

အမှုတွင် ဆီရီချိုင်း ရက်သောင်ဆိုသည့်ယောင်္ကျားဖြစ်သူက မိန်းမဖြစ်သူ အသက် ၂၇နှစ် ကျော်ရှိ ချွန်လာဒါ မူတူဝန်အား နန်သာဘူရီပြည်နယ်အတွင်း သတ်ဖြတ်ကာ ရာဇဝတ်မှုကျူးလွန်ခြင်းကိုဖုံးကွယ်ရန် ဇနီး၏အလောင်းအား ပရာချင်ဘူရီ ပြည်နယ်အတွင်း ရော်ဘာစိုက်ခင်းတစ်ခုအတွင်း မီးရှို့ခဲ့ခြင်းဟု သိရသည်။

စစ်ဆေးဖော်ထုတ်ချက်များအရ ၎င်းက ဇနီးသည်အား နန်သာဘူရီပြည်နယ်၊ ပတ်ခရက်ခရိုင်အတွင်း မောင်တုံသာနီမြို့ရှိ Luk Golf အိမ်ယာရှိ ၎င်းတို့၏အိမ်၌လည်းကောင်း၊ နန်သာဘူရီပြည်နယ်အတွင်း ချိုင်း ဝတ်တနာ လမ်းပေါ်ရှိအခြားနှစ်နေရာ၌လည်းကောင်း ကိုယ်ထိလက်ရောက်ရိုက်နှက်မှုများပြုခဲ့ကြောင်းပြောခဲ့သည်။ ချိုင်း ဝတ်တနာ လမ်းပေါ်တွင် ရက်စက်ကြမ်းကြုတ်စွာရိုက်နှက်မှုများကို ထောက်လှမ်းရေးကင်မရာများမှ ပြန်လည်တွေ့ရှိနိုင်ခဲ့ပြီး ရုပ်မြင်သံကြားသတင်းများတွင် ပြန်လည်ပြသခဲ့သည်။

ရဲတပ်ဖွဲ့က ၎င်းတို့ ဇနီးမောင်နှံမှာ ဖေဖော်ဝါရီ ၁၇ ရက် စနေနေ့ညက ၎င်း၏မွေးနေ့ပွဲကိုအတူကျင်းပခဲ့ကြခြင်းဖြစ်ပြီး ရိုက်နှက်မှုများက ဖေဖော်ဝါရီ ၁၈ ရက် နံနက် ၃ နာရီခန့်တွင် စတင်ဖြစ်ပွားခဲ့သည်ဟု ပြောခဲ့သည်။ ၎င်းတို့နှစ်ဦး မွေးနေ့ပွဲ အရက်အတူတူသောက်နေစဉ် ဇနီးဖြစ်သူ ချွန်လာဒါမူတူဝန်က ၎င်း၏ရည်းစားဟောင်းမိန်းကလေးနှင့်ပတ်သက်၍ ပြောကြားခဲ့ရာမှ ၎င်းကဇနီးဖြစ်သူကို ချိုင်း ဝတ်တနာ လမ်းပေါ်တွင် နှစ်ကြိမ်ရိုက်နှက်ခဲ့ပြီး အိမ်သို့အရောက်တွင် ထပ်မံရိုက်နှက်ခဲ့ခြင်းဟု ပြောခဲ့သည်။

ဖေဖော်ဝါရီ ၁၈ ရက်နံနက်တွင်မူ ဆီရီချိုင်းမှာ ၎င်း၏ရိုက်နှက်မှုများကြောင့် ဇနီးဖြစ်သူသေဆုံးပြီး ဖြစ်သည်ကိုလည်းသိရှိခဲ့ပြီး အလောင်းအား အိတ်တစ်အိတ်တွင်ထည့်ကာ ၎င်းတို့၏ အဖြူရောင် BMW ကားပေါ်တွင်တင်၍ အိမ်မှထွက်ခဲ့သည်။ ထို့နောက် ဓာတ်ဆီဆိုင်တစ်ဆိုင်တွင် ဓာတ်ဆီဝင်ဝယ်ကာ ပရာချင်ဘူရီ ပြည်နယ်အတွင်း ရော်ဘာစိုက်ခင်းတစ်ခုအတွင်း မီးရှို့ခဲ့ခြင်းဟု ဖော်ထုတ်သိရှိခဲ့ရသည်။

ရဲတပ်ဖွဲ့က အလောင်းအားမီးရှို့ခဲ့သည့်နေရာမှ ချွန်လာဒါ ၏လက်ကောက်နှင့် ဆွဲကြိုးကိုလည်းတွေ့ခဲရပြီး မိုဘိုင်းဖုန်းအချက်ပြမှုကိုလည်း ထိုနယ်မြေအတွင်း ခြေရာခံမိခဲ့ခြင်းဖြစ်သည်။ ဆီရီချိုင်းကိုမူ ဖေဖော်ဝါရီ ၂၀ ရက်ညတွင် ၎င်း၏အိမ်မှဖမ်းမိခဲ့ပြီး နှစ်နာရီကြာစစ်မေးအပြီး၌ ဆီရီချိုင်း က ဇနီးသည်အားသတ်ခဲ့မိသည့် အဖြစ်မှန်ကိုဝန်ခံခဲ့သည်။

Ref-Bangkok Post

ပုံစာ။ လူသတ်တရားခံ ဆီရီချိုင်းကို တွေ့ရစဥ်

Leave a Reply

Your email address will not be published. Required fields are marked *