October 20, 2024

၂၁.၂.၂၀၂၄
Translated by Htwe Ko Tun

ယီမင်နိုင်ငံအနီး ပျံသန်းနေတဲ့ အမေရိကန်စစ်တပ်ရဲ့ MQ-9 Reaper မောင်းသူမဲ့လေယာဉ်တစ်စီးကို ဟူသီစစ်သွေးကြွတို့က ပစ်ချခဲ့တယ်လို့ အမေရိကန်စစ်တပ်တာဝန်ရှိသူတစ်ဦးက ABC သတင်းဌာနကို ဖေဖော်ဝါရီ ၂၀ ရက် ညနေပိုင်းမှာပြောကြားခဲ့ပြီး ပင်တဂွန်ကာကွယ်ရေးဝန်ကြီးဌာနချုပ်ကလည်း မှန်ကန်တယ်လို့ ထပ်မံအတည်ပြုခဲ့ပါတယ်။

ဟူသီစစ်သွေးကြွတွေက အဆိုပါ Reaper မောင်းသူမဲ့လေယာဉ်အပြင် အေဒင်ပင်လယ်ကွေ့ထဲရှိ အမေရိကန်စစ်သင်္ဘောနှစ်စီးကိုလည်း ပစ်မှတ်ထားတိုက်ခိုက်ခဲ့တယ်လို့ ဖေဖော်ဝါရီ ၁၉ ရက်မှာ ကြေညာခဲ့ပါတယ်။

ဟူသီတို့က ယီမင်အနီး နိုင်ငံတကာလေပိုင်နက်အတွင်းမှာ ၂၀၁၃ ခုနှစ်၊ နိုဝင်ဘာလအတွင်းကလည်း Reaper မောင်းသူမဲ့လေယာဉ်တစ်စီးကို ပစ်ချခဲ့ပါသေးတယ်။ ဒါကြောင့် ဟူသီတို့အနေနဲ့ အမေရိကန်တို့ရဲ့ MQ-9 Reaper မောင်းသူမဲ့လေယာဉ်နှစ်စင်းထိ ပစ်ချနိုင်ခဲ့ပြီဖြစ်ပါတယ်။

ပင်တဂွန်ကလည်း အမေရိကန်မောင်းသူမဲ့လေယာဉ်ဟာ မြေပြင်ကနေ ဝေဟင်ပစ်ဒုံးကျည်နဲ့ ပစ်ချတိုက်ခိုက်ခံခဲ့ရတာဖြစ်ပြီး ပြန်လည်ရှာဖွေမတွေ့ရှိသေးဘဲ ဆက်လက်စုံစမ်းရှာဖွေနေတယ်လို့ ပြောခဲ့ပါတယ်။

ခရီးဝေးပျံသန်းနိုင်စွမ်းလည်းရှိတဲ့ အမေရိကန်တို့ရဲ့ MQ-9 Reaper မောင်းသူမဲ့လေယာဉ်ကို ထောက်လှမ်းရေးလုပ်ငန်းများအတွက် အခြေခံအားဖြင့် အသုံးချပြီး ဒေါ်လာသန်း ၅၀ ကျော်တန်ဖိုးရှိတယ်လို့ အမေရိကန်လေတပ်က ဆိုပါတယ်။

Ref -ABC

Leave a Reply

Your email address will not be published. Required fields are marked *