October 30, 2024

STF-MDY တိုက်ခိုက်မှုကြောင့် ဒဏ်ရာရရှိခဲ့သည့် သံလျက်မော်အရှေ့ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် ရုံးအကူအား တွေ့ရစဥ်

၅. ၁၂. ၂၀၂၂
Written by Min Mahar

မန္တလေးမြို့ပြပြောက်ကျားတပ်ဖွဲ့ (Special Task Force – Mandalay (STF-MDY)) က မဟာအောင်မြေမြို့နယ်ရှိ သံလျက်မော်အရှေ့ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအား ဒီဇင်ဘာ ၃ ရက် မွန်းလွဲပိုင်းက လက်ပစ်ဗုံးနှင့် ပစ်ပေါက်ဖောက်ခွဲခဲ့သည်ဟု သတင်းထုတ်ပြန်ထားသည်။

အဆိုပါအုပ်ချုပ်ရေးမှူးရုံးအား ၎င်းတို့အဖွဲ့၏ ဖောက်ခွဲမှုကြောင့် ရုံးအတွင်းအစည်းအဝေးလုပ်နေသော အုပ်ချုပ်ရေးမှူးနှင့် ရုံးအကူတို့ ၂ ဦး ဒဏ်ရာအသီးသီးရရှိခဲ့ကြောင်းကို MT News သတင်းဌာနမှ အသေးစိတ်အား ပြည်သူလူထုကို တင်ပြပြီးဖြစ်သည်။

STF-MDY အဖွဲ့သည် ပြီးခဲ့သည့် နိုဝင်ဘာ ၆ ရက်ကလည်း ချမ်းမြသာစည်မြို့နယ် ရဲတပ်ဖွဲမှူးရုံးကို လက်ပစ်ဗုံးနှင့် ပစ်ဖောက်တိုက်ခိုက်ခဲ့၍ မြိုနယ်မှူးအပါအဝင် ရဲတပ်ဖွဲ့ဝင် ၅ ဦးထိခိုက်ခဲ့သည်ဟုလည်းကောင်း၊ နိုဝင်ဘာ ၂၃ ရက်တွင်လည်း ပြည်ကြီးတံခွန်မြို့နယ်၊ ၁၁၈ လမ်းနှင့် ၅၁ လမ်းထောင့်ရှိ နေအိမ်၌ အရက်သောက်နေသူ ဦးသန်းစိုးဦးကို ဒလန်ဟုစွပ်စွဲကာ ကျည်နှစ်တောင့်ဖြင့် ပစ်ခတ်ခဲ့သောကြောင့် သေဆုံးခဲ့ကြောင်းကိုလည်း STF-MDY အဖွဲ့မှ လုပ်ဆောင်ခဲ့သည်ဟု ထုတ်ပြန်ကာ ဝန်ခံပြောဆိုထားကြောင်း တွေ့ရသည်။

Leave a Reply

Your email address will not be published. Required fields are marked *