October 18, 2024

၂၁. ၂. ၂၀၂၄
Translated by Thettant

မန်ချက်စတာယူနိုက်တက်ကို ရင်းနှီးမြှုပ်နှံမှုပြုတဲ့ ဗြိတိန်ဘီလျံနာရက်ကလစ်ဖ် (Sir Jim Ratcliffe)ရဲ့ ပေါင် ၁ ဒသမ ၃ ဘီလျံကျော်တန်ကြေးရှိ အစုရှယ်ယာရင်းနှီးမြှုပ်နှံမှု ၂၇ ဒသမ ၇ ရာခိုင်နှုန်းဟာ မြှုပ်နှံမှု အပြီးသတ်အောင်မြင်ခဲ့ပြီလို့ မန်ချက်စတာယူနိုက်တက်က တရားဝင်ကြေညာသွားခဲ့ပြီး ရက်ကလစ်ဖ်ဟာ ယူနိုက်တက်ရဲ့ပူးတွဲပိုင်ရှင်တစ်ဦးဖြစ်လာခဲ့ပြီလို့ အတည်ပြုလိုက်ပါတယ်။

“မန်ချက်စတာယူနိုက်တက်ရဲ့ ပူးတွဲပိုင်ရှင်ဖြစ်ရတာဂုဏ်ယူဖို့ကောင်းသလို တာဝန်နဲ့ဝတ္တရားကလည်း ကြီးမားပါတယ်။ မန်ချက်စတာယူနိုက်တက်ကို အင်္ဂလန်၊ ဥရောပနဲ့ ကမ္ဘာ့ဘောလုံးအဆင့်အတန်းရဲ့ ထိပ်ဆုံးကိုပြန်ရောက်လာဖို့ စွမ်းဆောင်တဲ့နေရာမှာ ဒါဟာ ကျွန်တော်တို့ခရီးရဲ့ ပထမဆုံးခြေလှမ်းပါ။ ဒီတာဝန်တွေ ကျေပြွန်အောင်ထမ်းဆောင်နိုင်ဖို့ အခုကစပြီး အရှိန်မြှင့် လုပ်ဆောင်သွားမှာပါ”လို့ ရက်ကလစ်ဖ်က ကတိပြုပါတယ်။

INEOS တည်ထောင်သူ Sir Jim Ratcliffe ဟာ မန်ယူအသင်းရဲ့ Class A ရှယ်ယာ ၂၅ ရာခိုင်နှုန်းနဲ့ Class B ရှယ်ယာ ၂၅ ရာခိုင်နှုန်းကို ပိုင်ဆိုင်ခဲ့တာဖြစ်ပြီး မန်ယူအသင်းရဲ့ တွဲဖက်ဥက္ကဋ္ဌဂျိုဝယ်ဂလေဇာကလည်း ရက်ပလစ်ဖ်ကို ကြိုဆိုကြောင်း၊ မန်ယူအသင်းရဲ့ တောက်ပတဲ့အနာဂတ်ကို ဖော်ဆောင်ဖို့အတွက် ရက်ကလစ်ဖ်ရဲ့ INEOS Sport နဲ့ နီးနီးကပ်ကပ် တွဲဖက်လုပ်ကိုင်ဖို့ မျှော်လင့်နေကြောင်း ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *