October 20, 2024

၂၀.၂. ၂၀၂၄
Written by KL

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်၊ မုဒွန်းကျေးရွာတွင် ယနေ့ (ဖေဖော်ဝါရီ ၂၀ရက်) မွန်းလွဲ၂ နာရီ မိနစ် ၅၀ ခန့်က လူနေအိမ် ၁၇ လုံးခန့် မီးလောင်ဆုံးရှုံးမှုမှာ ဆိုလာဖြင့် ဘတ္ထရီအားသွင်းရာမှ မီးလောင်ခဲ့ခြင်းဖြစ်သည်ဟု စစ်ဆေးတွေ့ရှိရကြောင်း သိရသည်။

မီးလောင်မှုမှာ မိနစ် ၅၀ ခန့်ကြာမြင့်ခဲ့ပြီး မီးငြှိမ်းသတ်ယာဥ် ၁၀ စီးကျော်၊ ရေသယ်ယာဥ်များဖြင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ဒေသခံပြည်သူများနှင့် လူမှုကယ်ဆယ်ရေးအဖွဲ့များက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့သည်။

မီးလောင်မှုကြောင့် သွပ်မိုးအုတ်ကာ ကွန်ကရစ်ခင်း ၂ ထပ်နေအိမ်၊ သွပ်မိုးပျဥ်ကာပျဥ်ခင်းနေအိမ်များ အပါအဝင် လူနေ အိမ် ၁၇ လုံး မီးလောင်ဆုံးရှုံးခဲ့ပြီး လူထိခိုက် သေဆုံးမှုမရှိကြောင်း သိရသည်။

“လေပင့်တာကြောင့် မိနစ်ပိုင်းအတွင်းမှာတင် အိမ်(၁၀)လုံးကျော် ဆက်တိုက်လောင်ကျွမ်းခဲ့တာ “ဟု မုဒွန်း​ကျေးရွာဒေသခံတစ်ဦးက ပြောသည်။

မုဒွန်းကျေးရွာ မီးဘေးသင့်ပြည်သူများအတွက် ကျေးရွာဘုန်းကြီးကျောင်းတွင် ကယ်ဆယ်ရေးစခန်း ယာယီဖွင့်လှစ်ထားကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *