October 30, 2024

၅ – ၁၂ – ၂၀၂၂
Written By Naddy

“ဂမ္ဘီရဘသိုက်” ရုပ်သံဇာတ်လမ်းတွဲကို ပရိသတ်အားပေးမှုကြောင့် Season- 2 ဆက်လက်ရိုက်ကူးလျက်ရှိသည်ဟု သိရသည်။

“ဂမ္ဘီရဘသိုက်” ဇာတ်လမ်းတွဲလေးကို မဟာ Application မှာ အပိုင်း ၆ ပိုင်းပြသခဲ့ပြီး ပရိသတ်အားပေးမှုကလည်း စိတ်ကျေနပ်စရာအနေအထားမျိုးဖြစ်ခဲ့ပါတယ်။ တချိုကတော့ ဂမ္ဘီရဘသိုက်ကို အောင်မြတ်သာနဲ့ တူမယ်ထင်ကြပေမယ့် ဂမ္ဘီရဘသိုက်ဆိုတဲ့ ဇာတ်ကောင်ကို ကျွန်တော်တို အနေနဲ့ စူပါဟီးရိုး ပုံစံမျိုးဖန်တီးထားတာဖြစ်လို ဇာတ်လမ်းပိုင်းကို စိတ်ကူးယဉ် ဇာတ်လမ်းကို လွတ်လွတ်လပ်လပ်ဖန်တီးတင်ဆက်လိုရအောင် လုပ်ခဲ့တာပါ” ဟု ဒါရိုက်တာသီဟမင်းညီက ဆိုသည်။

အဆိုပါ ဇာတ်လမ်းတွဲကို မဟာမိုဘိုင်း App နှင့် Fortune TV ရုပ်သံလိုင်းတိုတွင် တင်ဆက်ပြသခဲ့ပြီး ဒါရိုက်တာသီဟမင်းညီက ရိုက်ကူးထားခြင်းဖြစ်သည်။ ယင်းဇာတ်လမ်းတွဲ၏ Season-1 ကို မဟာ Mobile Application တွင် ဇူလိုင်လအတွင်းက တင်ဆက်ပြသခဲ့ပြီး ပရိသတ်အားပေးမှုလည်း ရရှိခဲ့သည်။

“ဂမ္ဘီရဘသိုက်” Searon-2 တွင် ဇာတ်လမ်းပိုင်း ၁၁ ပိုင်းပါဝင်မည်ဖြစ်ကာ အပိုင်းတစ်ခုချင်းစီတွင် မတူညီသည့် ဇာတ်လမ်းများဖြင့် တင်ဆက်ထားသည်ဟု သိရသည်။

Season-2 ကို နိုဝင်ဘာ ၂၂ ရက်မှစတင်ကာရိုက်ကူးနေခြင်းဖြစ်‌ကြောင်း သိရသည်။

“Season- 1 ကို မဟာ App မှာ ပြသပြီး ပရိသတ်များအားပေးတဲ့အတွက် မဟာရဲ့ ကမ်းလှမ်းမှုအရ Season- 2 ကိုဆက်ပြီး ရိုက်ကူးနေတာပါ။ ဂမ္ဘီရဘသိုက်ကတော့ စူပါဟီးရိုး ဇာတ်ကောင်ဖြစ်တဲ့အတွက် အက်ရှင်၊ ဒရာမာ၊ ဟာသ ရသစုံပါ အောင်စီစဉ်ထားပါတယ်။ ဒီတစ်ခေါက်မှာတော့ ပရိသတ်တွေလည်း မမြင်ရတာကြာပြီဖြစ်တဲ့ ကျွန်တော့်ရဲ့ အက်ရှင်ပိုင်းကို ဦးစားပေးထားပါတယ်။ ကျွန်တော့်အနေနဲ့ ဘယ်လို ဇာတ်ကောင်မျိုးပဲဖြစ်ဖြစ် အကောင်း တကာ့အကောင်းဆုံးဖြစ်အောင် ကြိုးစားနေပါတယ်” ဟုဂမ္ဘီရဘသိုက်အဖြစ်ပါဝင် သရုပ်ဆောင်ထားသည့် စစ်နိုင်က ဆိုသည်။

ဂမ္ဘီရဘသိုက် ဇာတ်လမ်းတွဲ Season တွင် အဓိက သရုပ်ဆောင် စစ်နိုင်နှင့်အတူ ဇာတ်လမ်းပိုင်းတစ်ခုချင်းစီအလိုက် မတူညီသည့်သရုပ်ဆောင်များလည်း ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *