October 19, 2024

နှစ်နိုင်ငံကုန်သွယ်မှုအတွက် အဓိကအရေးပါသည့် ရထားလမ်းတည်ဆောက်‌နိုင်ရေး၊ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးတို့အတွက် ဆွေးနွေး

၂၀. ၂. ၂၀၂၄
Written by Nyein Kyaw

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ(SAC) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ ဒုတိယပါတီအတွင်းရေးမှူးနှင့် ပြည်နယ်အုပ်ချုပ်ရေးမှူး H.E Mr. Wang Yubo ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့က ယနေ့တွင် လာရောက်ဂါဝရပြုတွေ့ဆုံခဲ့သည်။

တွေ့ဆုံစဉ် နှစ်နိုင်ငံအကြား နိုင်ငံရေးပိုင်းဆိုင်ရာ ယုံကြည်မှု ပိုမိုတိုးတက်လာစေရေးနှင့် စီးပွားရေးဆိုင်ရာ ဆက်သွယ်ဆက်ဆံမှု ပိုမိုမြှင့်တင်နိုင်ရေး အစိုးရချင်းဆောင်ရွက်ရန် လိုအပ်မှုအခြေအနေများ၊ မြန်မာနိုင်ငံနှင့် ယူနန်ပြည်နယ်အကြား နယ်နိမိတ်ထိစပ်မှုအများဆုံးဖြစ်ပြီး နှစ်နိုင်ငံကုန်စည်စီးဆင်းမှုများ ပြန်လည်ကောင်းမွန်လာစေရေး ဆောင်ရွက်ရမည့်အခြေအနေများကို ဆွေးနွေးခဲ့ကြသည်။

ထို့ပြင် နယ်စပ်ဒေသနှင့် ပြည်တွင်း တည်ငြိမ်အေးချမ်းရေးအတွက် ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေး ညှိနှိုင်းမှုများနှင့် ငြိမ်းချမ်း‌ရေးလုပ်ငန်းစဉ်များတွင် တရုတ်နိုင်ငံအနေဖြင့် ကူညီဆောင်ရွက်ပေးလျက်ရှိမှု အခြေအနေများ၊ နယ်စပ်ဖြတ်ကျော် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်း‌ရေးအတွက် ကျယ်ကျယ်ပြန့်ပြန့် ထိထိရောက်ရောက် ဆောင်ရွက်ရန် လိုအပ်မှုအခြေအနေများ၊ နယ်စပ်ဒေသ အွန်လိုင်းလောင်းကစားမှုနှင့် အွန်လိုင်းလိမ်လည်မှုများ ပပျောက်စေရေးအတွက် နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်ခဲ့မှုအခြေအနေများနှင့် ဆက်လက်၍လည်း ပူးပေါင်းဆောင်ရွက်မည့် အခြေအနေများ၊ မူယစ်ဆေးဝါး တားဆီးကာကွယ် နှိမ်နင်းရေးအတွက် နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်သွားရန် လိုအပ်မှု အခြေအနေများကို ဆွေးနွေးခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *