October 20, 2024

၂၀. ၂. ၂၀၂၄
Written by Min Mahar

နွားထိုးကြီးမြို့နယ်တွင် အမျိုးသားတစ်ဦးကို PDF များက အစည်းအဝေးလုပ်မည်ဟုဆိုကာ ခေါ်ဆောင်သွားပြီး ရက်စက်စွာ လည်လှီး သတ်ဖြတ်၍ ရွာအလယ်၌ အလောင်းပစ်သွားကြောင်း ဒေသခံများထံမှ သိရသည်။

ဖြစ်စဉ်မှာ မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ်၊ မြဝတီကျေးရွာတွင် နေထိုင်သည့် အသက် ၃၃ နှစ်ခန့်အရွယ်ရှိသော ဖိုးထောင်(ခ)မိုးဟိန်းအောင်သည် ၎င်း၏နေအိမ်၌ ရှိနေစဉ်အတွင်း PDF အဖွဲ့ဝင် ၅၀ ခန့်သည် ခဲရောင်ကားတစ်စီး၊ ဆိုင်ကယ်များဖြင့် ယမန်နေ့(ဖေဖော်ဝါရီ ၁၉ ရက်) ည ၇ နာရီခန့်က ရောက်ရှိလာကြပြီး အစည်းအဝေးလုပ်မည်ဟုဆိုကာ ခေါ်ဆောင်သွားပြီးနောက် ယနေ့(ဖေဖော်ဝါရီ ၂၀ ရက်) မနက်ပိုင်းက လည်ပင်းလှီးဖြတ်၍ ရက်စက်စွာ သတ်ဖြတ်ထားသာ ရုပ်အလောင်းကို ရွာလယ်လမ်းမ၌ လာရာက်စွန့်​ပစ်သွားကြောင်း သိရသည်။

“မနေ့ညက သူ့ကို PDF တွေက ကား၊ ဆိုင်ကယ်တွေနဲ့ရာက်လာပြီး အစည်းအဝေးလုပ်မယ်လို့ပြောပြီးတော့ ခေါ်သွားကြတယ်။ ဒီနေ့မနက်ကြတော့ လည်ပင်းကိုဓားနဲ့လှီးထားတဲ့အပြင် ဗိုက်မှာပါ ပြတ်ရှနေတဲ့ ဒဏ်ရာတွေနဲ့ သေဆုံးနေတာကို ရွာရဲ့လမ်းလယ်မှာ တွေ့တယ်။ သူက PDF တွေနဲ့ အဆက်အစပ်ရှိပြီး သူတို့ချင်း ဘာအဝေမတည့်လဲ မသိဘူး။ သူတို့အချင်းချင်း တစ်ခုခုအဆင်မပြေတာ အဝေမတည့်တာကြောင့်ပဲ အခုလိုသတ်ဖြတ်သွားတာဖြစ်မယ်”ဟု ရွာခံတစ်ဦးက ဆိုသည်။

Leave a Reply

Your email address will not be published. Required fields are marked *