၅. ၁၂. ၂၀၂၂
ရေစကြိုရဲစခန်းအား တိုက်ခိုက်ရန်သွားသည့် မြင်းခြံ PDF အဖွဲ့နှင့် လုံခြုံရေးတပ်များ ထိပ်တိုက်တိုး၍ ပစ်ခတ်မှုဖြစ်ရာမှ လခရ ၃၀ ခန့်ကျပြီး PDF နှစ်ဦး ဒဏ်ရာရဟု Myingyan Black Tiger (MBT) အဖွဲ့က သတင်းထုတ်ပြန်ထားသည်။
အဆိုပါ ဖြစ်စဥ်မှာ ဒီဇင်ဘာ ၄ ရက် မွန်းတည့်ချိန်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ် ရဲစခန်းအား တိုက်ခိုက်သိမ်းပိုက်ရန် Myingyan Black Tiger (MBT)မှ ဦးဆောင်၍ သွားရောက်ခဲ့ရာ တပ်စစ်ကြောင်းနှင့် ထိပ်တိုက်တွေ့ခဲ့ပြီးအပြန်အလှန်ပစ်ခတ်မှုများ ဖြစ်ပေါ်ခဲ့သည်။
တိုက်ခိုက်မှုမှာ ၁နာရီခွဲခန့် ကြာမြင့်ခဲ့ပြီး တိုက်ပွဲတွင် Myingyan Black Tiger (MBT)မှ ရဲဘော်နှစ်ဦး ပြင်းထန်ဒဏ်ရာ(မစိုးရိမ်)ရရှိခဲ့ပြီး တပ်ဘက်မှ အနည်းဆုံး ၃၀ ဦးခန့် ကျခဲ့ကာ အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း တပ်တွင်းသတင်းရင်းမြစ်အရ အတည်ပြုနိုင်ခဲ့သည်ဟု ဆိုသည်။
အဆိုပါ တိုက်ခိုက်မှုတွင် Myingyan Black Tiger (MBT)အဖွဲ့အား ညီနောင်မဟာမိတ်များ ဖြစ်သော Blck Wons၊ ရေကင်း တပ်ဖွဲ့၊ VOMDY-Front Warrior၊ MGN-35၊ BURMESE GUERRILLA FORCE – BGF အဖွဲ့တို့မှ ပူးပေါင်းပါဝင်အားဖြည့်တိုက်ခိုက်ခဲ့သည်ဟုလည်း ဖော်ပြထားသည်။