October 20, 2024

၂၀. ၂. ၂၀၂၄
Written by Naing Thuta

ချောင်းဆုံမြို့နယ်၊ မုဒွန်းရွာတွင် မိနစ် ၄၀ ခန့်ကြာသည့် မီးလောင်မှုတစ်ခုဖြစ်ပွားခဲ့ပြီး နေအိမ် ၁၆ လုံး မီးထဲပါသွားကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့မှ သိရသည်။

ဖြစ်စဉ်မှာ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်၊ မုဒွန်းရွာတွင် ယနေ့(ဖေဖော်ဝါရီ ၂၀ ရက်)မွန်းလွဲ ၂ နာရီ မိနစ် ၅၀ ခန့်တွင် မီးလောင်မှုတစ်ခုဖြစ်ပွားခဲ့သည့်အတွက် မော်လမြိုင်မြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များနှင့် အရန်မီးသတ်တပ်ဖွဲ့များက Level 1 အုပ်စုမီးသတ်ယာဉ်များဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ မွန်းလွဲ ၃ နာရီ ၃၀ မိနစ်တွင် မီးငြိမ်းသွားကြောင်း သိရသည်။

အဆိုပါ မီးလောင်မှုကြောင့် နေအိမ် ၁၆ လုံးခန့် မီးလောင်ဆုံးရှူံးသွားသည်ဟု သိရှိရပြီး မီးလောင်မှု ဖြစ်စဉ်ဖြစ်ပွားရာနေရာသို့ ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသွားရောက်ကာ စစ်ဆေးခဲ့ကြကြောင်း သိရသည်။

ထိုမီးလောင်မှုကြောင့် ဆုံးရှုံးသွားသည့် အဆောက်အဦများ၏ တန်ဖိုးကို တွက်ချက်နေဆဲဖြစ်ပြီး ပြည်နယ်အစိုးရအဖွဲ့က ကူညီမှုများ လုပ်ဆောင်ပေးသွားရန်ရှိကြောင်း ပြည်နယ်အစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦး ပြောပြချက်အရ  သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *