October 19, 2024

၂၀.၂.၂၀၂၄
Written By Thandar

သူချစ်ခင် ကာရိုက်တာနဲ့ ပရိသတ်ရင်ထဲအထိရောက်ခဲ့တဲ့ သရုပ်ဆောင် ရတနာဗိုကတော့ ကုထုံးမဲ့ ချစ်ခြင်း ဇာတ်လမ်းတွဲမှာ သက်ထားစံဆိုတဲ့ကာရိုက်တာရဖို့ စိတ်ထဲမှာ သောကရောက်သလို မုဒ်ထည့်ရတာမို့ တော်တော်ခက်ခက်ခဲခဲလုပ်ရတယ်လို့ ဆိုပါတယ်။

“သူချစ်ခင် ကာရိုက်တာတုန်းက ဗို့အတွက် မျက်လုံးတွေ နှုတ်ခမ်းတွေကအစ ပိုင်နိုင်အောင် နည်းနည်းချွဲပစ်ရတာတွေ မြှူရတာတွေရှိတယ်။ သက်ထားစံရဲ့ ကုထုံးမဲ့ချစ်ခြင်းမှာ တစ်ချိန်လုံး ငြိမ်ခံနေရတယ်။ ဗို့အတွက် နည်းနည်း ငြိမ်ရတဲ့ကာရိုက်တာ သရုပ်ဆောင်ရတာ ပိုပြီး ခက်ခဲတယ်။ စိတ်ထဲမှာ သောက ရောက်သလို မုဒ်ထည့်ရတာမို့ တော်တော်ခက်ခက်ခဲခဲလုပ်ရတယ်။ သက်ထားစံ ကာရိုက်တာနဲ့ ဒေါက်တာခက် မာန်နဲ့တွေ့မှ ဝဋ်လည်သွားပြီး ပရိသတ်ကပြောကြတယ်။ ဗိုက ငြိမ်ပြီးတော့ ရင်တွင်းထဲမှာ သောကလှိုက်နေအောင် ခံစားရတယ်။ ပရိသတ်က သနားပြီးတော့ အားမလို အားမရဖြစ်ကြတာပေါ့”လို့ ရတနာဗိုက ပြောပါတယ်။

သူမကတော့ မဟာရုပ်သံလိုင်းက ပြသခဲ့တဲ့ အိမ်ထောင် ဇာတ်လမ်းတွဲမှာ ပရိသတ်တွေ သတိထားမိ အမြင်ကက်ရလောက်အောင် သူချစ်ခင် ကာရိုက်တာနဲ့ပီပြင်အောင် သရုပ်ဆောင်နိုင်ခဲ့သူလည်းဖြစ်ပါတယ်။ ဒါ့အပြင် လက်ရှိထုတ်လွှင့်နေတဲ့ ကုထုံးမဲ့ချစ်ခြင်း ဇာတ်လမ်းတွဲမှာလည်း ခင်ပွန်းဖြစ်သူ အနိုင်ကျင့်တာကို ငြိမ်ခံတတ်တဲ့ သက်ထားစံ ကာရိုက်တာကြောင့် ပရိသတ်တွေ မခံရပ်မနိုင်လောက်အောင်ဖြစ်နေတာလည်း ဖြစ်ပါတယ်။

“ပရိသတ်တွေက ဇာတ်ကားတစ်ကားမှာ ပရိသတ်က ခပ်လှုပ်လှုပ်ကာရိုက်တာဆို ပိုသတိထားမိကြတယ်လေ။ ဒီကားက အောင်မင်းခန့်ကို ပိုမုန်းကြတယ်လေ။ သူချစ်ခင် ကာရိုက်တာနဲ့ ပရိသတ်တွေ ဗို့ကို ချစ်ပေးနေကြတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။ ဗိုကတော့ ကိုယ့်ဆီလာတဲ့ ကာရိုက်တာ မှန်သမျှ ပိုကြိုးစားသွားပါ့မယ်။ နောက်ထပ်လည်း သူချစ်ခင်လို့ ကာရိုက်တာမျိုးနဲ့ ကာရိုက်တာ အလှုပ်လေး တစ်ခုလာဖို့ရှိပါတယ် ”လို့ သူမက ဆက်ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *