၂၀. ၁. ၂၀၂၄
Written by Pan Ei
မလေးရှားနိုင်ငံ ဂျိုဟောလူဝင်မှုကြီးကြပ်ရေးဌာနက မြို့တော် ကွာလာလမ်ပူနဲ့ ကူလိုင်မြို့တို့မှာ မနေ့က စီးနင်းမှုတွေ ဆက်တိုက်ပြုလုပ်ခဲ့ရာ မြန်မာရွှေ့ပြောင်းလုပ်သား ၁၅ ဦးအပါအဝင် နိုင်ငံခြားသား ၃၀ ကျော် ဖမ်းဆီးခံခဲ့ရပါတယ်။
သုံးနာရီကြာမြင့်ခဲ့တဲ့ စီးနင်းမှုအတွင်း အမျိုးသမီး သုံးဦးအပါအဝင် မြန်မာရွှေ့ပြောင်းလုပ်သား ၁၅ ဦးနဲ့ အများဆုံးဖမ်းဆီးခံခဲ့ရပြီး မြန်မာနိုင်ငံသားတွေနဲ့အတူ ပါကစ္စတန် အမျိုးသား ခြောက်ဦး၊ အိန္ဒိယ အမျိုးသား ငါးဦး၊ ဖိလစ်ပိုင် အမျိုးသမီး တစ်ဦးတို့အပြင် ၂ နှစ်အရွယ် ကလေးငယ်အပါအဝင် အင်ဒိုနီးရှား နိုင်ငံသားလေးဦးတို့ကိုပါ ဖမ်းဆီးထားတယ်လို့ သိရပါတယ်။
ဌာနဆိုင်ရာ ဒါရိုက်တာ Baharuddin Tahir က တရားမဝင်ရွှေ့ပြောင်းအလုပ်သမားတွေကို တားဆီးဖို့ နိုင်ငံခြားသားတွေ တရားဝင် အလုပ်လုပ်ခွင့်ပါမစ်မရှိဘဲ လုပ်ကိုင်နေတဲ့နေရာတွေနဲ့ ရက်လွန်နေထိုင်နေကြတဲ့ နိုင်ငံခြားသားတွေ တည်ရှိရာနေရာတွေကို စီးနင်းမှုတွေ ဆက်တိုက်ပြုလုပ်ခဲ့တာ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
ဖမ်းဆီးထိန်းသိမ်းခံရသူတွေကို ဆက်လက်စစ်ဆေးဖို့နဲ့ စုံစမ်းစစ်ဆေးဖို့ တာဝန်ရှိသူတွေက ဆက်လက်လုပ်ဆောင်နေကြတယ်လို့လည်း သတင်းတွေမှာ ဖော်ပြထားပါတယ်။
Ref; New Straits Times