October 18, 2024

၁၉. ၂. ၂၀၂၄
Written by Hey Mar

ကရင်ပြည်နယ်၊ ဘားအံမြို့ရှောင်လမ်းသစ်မှာ ဇာတ်အဖွဲ့ရဲ့ ဆယ်ဘီးကားတစ်စီး ချောက်ထဲ ထိုးကျ တိမ်းမှောက်ပြီး ဆယ်ကျော်သက်မိန်းကလေးငယ်တစ်ဦးသေဆုံးကာ ၁၁ ဦးဒဏ်ရာရရှိခဲ့တဲ့ဖြစ်စဥ် ဒီနေ့ ဖေဖေါ်ဝါရီ ၁၉ ရက် မနက် ၁၀ နာရီ ဝန်းကျင်က ဖြစ်ပွားခဲ့တယ်လို့ မြန်မာနိုင်ငံလူမှုကူညီကယ်ဆယ်ရေးအသင်း (ဘားအံ) မှ သိရပါတယ်။

ဖြစ်စဥ်က ဘားအံမြို့ရှောင်လမ်းသစ် ကြာအင်းတောင်ကြားလမ်း (ရဲသာ)ဘက်ခြမ်း တောင်ပတ်လမ်းအတက်မှာ ကားဘီးပေါက်ပြီး နောက်ပြန်လိမ့်ကျကာ (၂၅)ပေခန့်နက်တဲ့ ချောက်ထဲ ကျသွားခဲ့တာလို့ သိရပါတယ်။

အဆိုပါ ဆယ်ဘီးကားပြုတ်ကျတဲ့အရှိန်ကြောင့် ယာဥ်ပေါ်ပါသူ အမျိုးသား(၆)ဦး၊ အမျိုးသမီး(၅)ဦးအနက်၊ အသက် (၁၃) နှစ်အရွယ် မိန်းကလေးမှာ နေရာတွင် သေဆုံးကာ၊ အခြားအနီရောင်အဆင့် လူနာ (၆)ဦး၊ အဝါရောင်အဆင့် လူနာ (၄)ဦး၊ အစိမ်းရောင်အဆင့် လူနာ တစ်ဦး အပါအဝင် စုစုပေါင်း လူနာ ၁၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တာလို့ သိရပါတယ်။

အခင်းဖြစ်ပွားရာနေရာသို့ မြန်မာနိုင်ငံလူမူကယ်ဆယ်ရေးအဖွဲ့ (ကရင်ပြည်နယ်) ၏ ရှာဖွေကယ်ဆယ်ရေး အဖွဲ့က ထွက်ခွာကူညီခဲ့ပြီး သေဆုံးဒဏ်ရာရရှိသူတွေကို မြန်မာနိုင်ငံလူမူကယ်ဆယ်ရေးအဖွဲ့ (ဘားအံ)၊ မြန်မာနိုင်ငံလူမူကယ်ဆယ်ရေးအဖွဲ့ (နောင်လုံ) ၊ မြန်မာနိုင်ငံလူမူကယ်ဆယ်ရေးအဖွဲ့ (ကမော့ကစင်)၊ မြန်မာနိုင်ငံလူမူကယ်ဆယ်ရေးအဖွဲ့ (အုန်းတပင်)နှင့် မြန်မာနိုင်ငံလူမူကယ်ဆယ်ရေးအဖွဲ့ KCO တို့က ဘားအံ ပြည်သူ့ဆေးရုံကြီးဆီ ပို့ဆောင်ကူညီပေးခဲ့ကြတယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *