October 18, 2024

၁၉. ၂. ၂၀၂၄
Written by Pan Ei

လက်ရှိမှာ တောင်ကိုရီးယားရုပ်သံလိုင်း TvN ကနေ ထုတ်လွှင့်ပြသလျက်ရှိတဲ့ Marry My Husband ဇာတ်လမ်းတွဲဟာဆိုရင် မြန်မာနိုင်ငံအပါအဝင် နိုင်ငံအများအပြားမှာ နာမည်ကြီး ကျော်ကြားနေကာ ပရိသတ်တွေအကြိုက်တွေ့နေတဲ့ ဇာတ်လမ်းတွဲတစ်ခုဖြစ်နေပြီး Marry My Husband မှာ ပါဝင် သရုပ်ဆောင်ထားတဲ့ ဇာတ်ဆောင်မင်းသား Na In Woo ဟာဆိုရင်လည်း ဇာတ်လမ်းတွဲနဲ့အတူ ပိုပြီး ကျော်ကြားလာခဲ့ပါတယ်။

ဒါပေမဲ့ တောင်ကိုရီးယားနိုင်ငံရဲ့ ဥပဒေအရ အသက် ၃၀ နှစ် ပြည့်တော့မဲ့ Na In Woo က မဖြစ် မနေစစ်မှုထမ်းတာဝန်ကို မကြာမီမှာ ထမ်းဆောင်ဖို့ ပြင်ဆင်နေပြီဖြစ်တယ်လို့ မကြာသေးမီ ရက်ပိုင်း အတွင်းက အတည်ပြုလိုက်ပြီး အောင်မြင်ကျော်ကြားနေချိန်မှာ နှစ်နှစ်နီးပါးလောက် အနုပညာ လောကနဲ့ ခွဲခွာရတော့မဲ့ မင်းသားအတွက် ပရိသတ်တွေက နှမြောတသဖြစ်နေကြပါတယ်။

ကြည်ရှုမှုနှုန်းတွေမှာ နံပါတ် ၁ နေရာတွေကို ချိတ်နိုင်ခဲ့တဲ့အထိ အောင်မြင်မှုများစွာရရှိခဲ့တဲ့ Marry My Husband ဒရမ်မာရဲ့ အောင်မြင်မှုကို ဂုဏ်ပြုတဲ့အနေနဲ့ စီစဉ်ထားတဲ့ ဗီယက်နမ်နိုင်ငံသွားရောက်မဲ့ ခရီးကိုတော့ စစ်မှုထမ်းအဖွဲ့ရဲ့ ခွင့်ပြုချက်နဲ့အတူ Na In Woo က လိုက်ပါသွားမှာဖြစ်တယ်လို့ သိရပါတယ်။

မင်းသား Na In Woo ဟာ မကြာသေးမီနှစ်တွေအတွင်း Mr. Queenနဲ့ River the Moon Rises လိုမျိုး နာမည်ကြီးဒရမ်မာတွေမှာ မတူကွဲပြားတဲ့ ဇာတ်ကောင်တွေကို သရုပ်ဖော်ခြင်းနဲ့ ရေပန်းစားလာခဲ့သလို 1 Night 2 Days လိုမျိုး ပရိုဂရမ်များတွေမှာလည်း သူရဲ့ ဆွဲဆောင်မှုတွေကို ထုတ်ပြခဲ့ပြီး ပရိသတ်တွေရဲ့ အချစ်ကို သိမ်းပိုက်ထားနိုင်ခဲ့သူ တစ်ဦးလည်း ဖြစ်ပါတယ်။

Ref; Pinkvilla

Leave a Reply

Your email address will not be published. Required fields are marked *