၄.၁၂.၂၀၂၂
Written by Nay Aung
အိန္ဒိယ-မြန်မာနယ်စပ်ဒေသဖြစ်သည့် မီဇိုရမ်ပြည်နယ်တွင် ဒီဇင်ဘာ ၃ရက်တွင် မြန်မာနိုင်ငံသား လေးဦးကို လက်နက်များနှင့်အတူဖမ်းမိခဲ့ကြောင်း သိရသည်။
အိန္ဒိယ အာသံရိုင်ဖယ်တပ်ရင်းနှင့် မီဇိုရမ်ပြည်နယ် Tuipangမြို့ ရဲတပ်ဖွဲ့တို့သည် ရရှိသည့်သတင်းအချက်လက်များကို အခြေခံပြီး Saiha ဒေသရှိ Block Tuipang အနီးတွင် စစ်ဆင်ရေးပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံသား ၄ ဦးကိုလက်နက်များနှင့်အတူ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း အိန္ဒိယသတင်းများကဆိုသည်။
အာသံရိုင်ဖယ်တပ်ရင်းက ” Tuipang မြို့ရဲ့စစ်ဆေးရေးဂိတ်ကို ကားနဲ့ဖြတ်သန်းပြီး လက်နက်မှောင်ခိုတင်သွင်းတာမျိုးတွေလုပ်မယ်ဆိုတဲ့ သတင်းပေးပို့ချက်တွေကို လက်ခံရရှိခဲ့ပြီးနောက် ကြားဖြတ် စစ်ဆေးဖမ်းဆီးနိုင်ဖို့ ကြိုးပမ်းခဲ့တယ်။ အဲဒီလက်နက်မှောင်ခို ပစ္စည်းတွေ ပါ၀င်တဲ့ကားကို စစ်ဆေးရေးဂိတ်မှာ စစ်ဆေးမှုတွေလုပ်ခဲ့တယ်။ အဲဒီလိုမျိုး စစ်ဆေးနေချိန်အတွင်း စစ်ပွဲသုံး ပစ္စည်းတွေ၊လက်နက်တွေကို ရှာဖွေတွေ့ရှိခဲ့ပြီး လူတွေကိုလည်းဖမ်းဆီးခဲ့တယ်” လေးဦးနှင့်အတူ ပွိုင့် ၂၂ ဟုသတင်းထုတ်ပြန်ထားသည်။
အဆိုပါ မြန်မာနိုင်ငံသားသေနတ်၊ ပွိုင့် ၂၂ သေနတ်သုံးကျည်ဆံများ၊ ပေါက်ကွဲစေသည့် ပစ္စည်းများနှင့် ဆက်စပ်ပစ္စည်းများကို သိမ်းဆည်းရမိခဲ့ကြောင်း အိန္ဒိယ အာသံရိုင်ဖယ်တပ်ရင်းကဆိုသည်။ လက်ရှိအချိန်တွင်အဆိုပါမြန်မာနိုင်ငံသားများကို ဖမ်းဆီးခဲ့ပြီးနောက် အသေးစိတ်စုံစမ်းစစ်ဆေးမှုများလုပ်ဆောင်ရန် Tuipang မြို့ရဲတပ်ဖွဲ့ထံ ထပ်မံလွှဲပြောင်း ကာ အသေးစိတ်စစ်ဆေးနေကြောင်းသိရသည်။
Ref Eastmojo