October 18, 2024

၁၈. ၂. ၂၀၂၄
Written by Nay Moe

၁၀၂၇ စစ်ဆင်ရေးမှာ ရက်ပေါင်း ၁၀၀ ကျော်အတွင်း မြို့ပေါင်း ၃၀ ကျော် သိမ်းယူထားနိုင်ပြီး တိုက်ခိုက်မခံရတော့တာနဲ့ တရုတ်ညှိနှိုင်းမှုနဲ့ အပစ်ရပ်နေတာကြောင့် စစ်ပွဲပြီးပြီလို့ယူဆထားတဲ့ MNDAA က ဒေသပြန်လည်တည်ဆောက်ဖို့ အလုပ်သမားဖိတ်ခေါ်စာ ထုတ်ပြန်လာပါတယ်။

ဒီလိုဖိတ်ခေါ်ပေမဲ့ ပြင်ပကရောက်ရှိလာတဲ့အလုပ်သမားတွေမှာ သူလျှိုနဲ့ ရန်သူအေးဂျင့် ရောနှောပါဝင်လာပြီး ထောက် လှမ်းရေး ဒါမှမဟုတ် ဖောက်ခွဲရေးလုပ်ဖို့ စောင့်မျှော်နေသူတွေမဖြစ်ဖို့ ကာကွယ်မယ်လို့လည်း MNDAA က ​ပြောပါတယ်။

MNDAA ရဲ့ လက်ရှိခေါင်းဆောင် ဖုန်တာ့ရွှင်ဟာ အမေရိကန် Drug Enforcement Administration ရဲ့ မူးယစ်ရာဇာစာရင်းဝင်ဖြစ်ပေမဲ့ သူက ရှမ်းမြောက်က မြို့အချို့သိမ်းပြီး ပြန်လည်ထူထောင်ရေးလုပ်ရာမှာတော့ အလုပ်သမားဝန်ဆောင်မှုကုမ္ပဏီတွေ ဖွင့်လှစ်တည်ထောင်ဖို့ ခွင့်ပြုလိုက်ပြီး ဒီကုမ္ပဏီတွေက ပြင်ပအလုပ်သမားနဲ့ နည်းပညာရှင်တွေ ခေါ်ဆောင်လာရမယ်လို့လည်း ညွှန်ကြားထားတာ တွေ့ရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *