October 18, 2024

ရေအေးရွာရှိ နယ်မြေခံတပ်ကို လက်နက်ကိုင်များပစ်ခတ်တိုက်ခိုက်ရာမှ ပြည်သူနှင့် နေအိမ်များထိခိုက်ဟုဖြေရှင်း

၁၈. ၂. ၂၀၂၄
Written by Thettant

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်တွင် တပ်မတော်က ယမန်နေ့ညပိုင်းနှင့် ယနေ့နံနက်ပိုင်းတို့တွင် ဧည့်စာရင်းများ ဝင်ရောက်စစ်နေပြီး ဧည့်စာရင်းမတိုင်သော လူငယ်တချို့နှင့် မှတ်ပုံတင်မပြနိုင်သော လူငယ်တချို့ကို ဖမ်းဆီးခေါ်ဆောင် သွားကြောင်း ဒေသခံ ပြည်သူများက ပြောသည်ဟု မဟုတ်မမှန် သတင်းများကို လူမှုကွန်ရက်ပေါ်တွင် ရေးသား ဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။

အဆိုပါဖြစ်စဥ်မှာ သက်ဆိုင်ရာဝန်ကြီးဌာနနှင့်အုပ်ချုပ်ရေးအဖွဲ့ ဝင်များက သန်းခေါင်စာရင်းဆိုင်ရာ အချက်အလက်များ ကောက်ခံမှုကို ခေတ်သစ်မီဒီယာက မဟုတ်မမှန်သတင်းများဖြင့် အများပြည်သူ စိုးရိမ်စိတ်များဖြစ်ပေါ်လာစေရန် ဝါဒဖြန့်ချိနေခြင်းသာဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့အတူ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၊ ညောင်ပင်ရွာကို ဖေဖော်ဝါရီ ၁၇ ရက်နေ့တွင် တပ်မတော်က လက်နက်ကြီးဖြင့်ပစ်ခတ်မှုကြောင့် ပြည်သူ၇ ဦး ထိခိုက်ဒဏ်ရာရပြီး  ၂ ဦး စိုးရိမ်ရဆိုသည့်သတင်းမှာလည်း လုပ်ကြံသတင်းသာဖြစ်ကြောင်းနှင့် ဖေဖော်ဝါရီ ၁၅ ရက်နေ့တွင် ကရင်ပြည်နယ်၊ ဘားအံမြို့နယ်ရှိ ရေအေးရွာကို တပ်မတော်က လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းကြောင့် ပြည်သူ ၂ ဦး ဒဏ်ရာရပြီး နေအိမ် ၁၀ လုံးကျော် ပျက်စီးခဲ့သည်ဆိုသည့် ဖြစ်စဥ်အပေါ် မြေပြင်စုံစမ်းမှုအရ ထိုနေ့တွင် တပ်မတော်၏ နယ်မြေလုံခြုံရေး တာဝန်ထမ်းဆောင်သည့်အဖွဲ့အား လက်နက်ကိုင်များက လက်နက်ကြီး/ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် ဒေသခံကျေးရွာအတွင်းသို့ လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲမှုကြောင့် ပြည်သူများ ထိခိုက်ဒဏ်ရာ ရရှိခြင်းများ ဖြစ်ပွားခဲ့ကြောင်းသိရှိရပြီး ၎င်းဖြစ်စဉ်ကို လက်နက်ကိုင်ထောက်ခံ မီဒီယာများက မမှန် သတင်းထုတ်လွှင့်ကာ အများပြည်သူ အထင်အမြင်လွဲမှားစေရန် လုပ်ဆောင်နေခြင်းသာ ဖြစ်ကြောင်း ဖြေရှင်းထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *