October 18, 2024

၁၈.၂.၂၀၂၄
Written by KL

ရန်ကုန်တိုင်း​ဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် ဖေဖော်ဝါရီ ၁၇ ရက်က တစ်ရက်အတွင်း မီးလောင်ကျွမ်းမှုနှစ်ကြိမ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဥ်များတွင် ဖေဖော်ဝါရီ ၁၇ ရက် နံနက် ၁၀ နာရီ ၂၅ မိနစ်ခန့်က ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ အမှတ်(၂၀)ရပ်ကွက် မြိတ်လမ်းရှိ အလျား​ ပေ ၂၀၊ အနံ ပေ ၆၀ ရှိ သွပ်မိုး၊ သွပ်ကာ၊ ကွန်ကရစ်ခင်း ၁ ထပ်နေအိမ်တွင် ဝရိန်ဆော်ရာမှ အနီးတွင်ရှိသော  ဓာတ်ဆီပုံးသို့ မီးပွားကျ၍ မီးကူးစက်လောင်ကျွမ်းခဲ့ရာ အဆောက်အဦ ၂ လုံး မီးလောင်ဆုံးရှုံးခဲ့သည်။

အလားတူ ဖေဖော်ဝါရီ ၁၇ ရက် မွန်းလွဲ ၁ နာရီ ၇ မိနစ်ခန့်က  ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ အမှတ်(၅၄)ရပ်ကွက်၊ ဇွဲကပင်လမ်းရှိ အလျား​ ပေ ၂၀၊ အနံ ပေ ၆၀ရှိ သွပ်မိုး၊ အုတ်ကာ၊ကွန်ကရစ်ခင်း ၂ ထပ်နေအိမ်တွင် ဘုရားစင်ပေါ် သွယ်တန်းထားသော ဝါယာကြိုးများ အပူလွန်ကဲရာမှ မီးပွားထွက်၍ အနီးရှိ အဝတ်အစားများသို့ မီးကူးစက်လောင်ကျွမ်းခဲ့ရာ နေအိမ်နှင့် အတွင်းပစ္စည်းများ မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။

အဆိုပါ မီးလောင်မှု ၂ ခုနှင့် ပတ်သက်၍ အသက် (၃၈)နှစ်အရွယ် အမျိုးသားနှင့် အသက်(၅၀)နှစ်အရွယ် အမျိုးသားတို့ကို ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့မရဲစခန်းမှ ပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *