October 18, 2024

၁၇. ၂. ၂၀၂၄
Written by Nay Moe

မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်မှာ လူငယ်တွေကို စစ်မှုထမ်းဖို့ စစ်တပ်ထဲ ဆွဲသွင်းနေတဲ့သူဆိုပြီး ပြည်သူ့စစ်ခေါင်းဆောင် ကိုနန္ဒကျော်ကို ဒီနေ့မနက်မှာ ဝမ်းတွင်းမြို့တော်လှန်ရေးတပ်ဖွဲ့ WTRF က လက်ဖက်ရည်ဆိုင်ထဲမှာ မသေမချင်းပစ်ခတ်သတ်ဖြတ်ခဲ့ပါတယ်။

​ဝမ်းတွင်း PDF WTRF ဟာ ဒီနေ့ ဖေဖော်ဝါရီ ၁၇ ရက် မနက် ၈ နာရီ ၃၀ မိနစ်အချိန်မှာ ပြည်သူ့စစ်ခေါင်းဆောင် ကိုနန္ဒကျော်ဟာ တော်ဝင် လက်ဖက်ရည်ဆိုင်ထိုင်နေချိန် WTRF တပ်ဖွဲ့က ဝင်ရောက်သတ်ဖြတ်တာဖြစ်ပါတယ်။

ထုတ်ပြန်လာတဲ့ ရုပ်သံဖိုင်ထဲမှာ ကိုနန္ဒကျော်ဟာ PDF ပစ်ခတ်ထားတဲ့ကျည်ထိမှန်လို့ သွေးအိုင်ထဲလဲနေပြီး မသေမရှင်ဖြစ်နေချိန်မှာ ​ဝမ်းတွင်း PDF WTRF အဖွဲ့ဝင်တွေက “မင်းလား ပြည်သူ့စစ်၊ ပြည်သူ့စစ်ခေါင်းဆောင်၊ ဗိုလ်လေးနန္ဒကျော် ဟုတ်လား” လို့ မေးလိုက် ပစ္စတိုနဲ့ ပစ်လိုက် စိမ်ပြေနပြေပစ်သတ်နေတာကို တွေ့ရပါတယ်။

◾ရုပ်သံကြည့်ရှုရန်

https://t.me/MT_News_Media/27243

Leave a Reply

Your email address will not be published. Required fields are marked *