October 18, 2024

၁၇. ၂. ၂၀၂၄
Written By Thandar

တစ်ခေတ်တစ်ခါကနေ လက်ရှိအချိန်ထိ ပရိသတ်ရင်ထဲထိရောက်အောင် တေးသီချင်းတွေ သီဆိုခဲ့တဲ့ အဆို တော်မီမီဝင်းဖေရဲ့ ဖေဖော်ဝါရီ ၁၆ ရက်မှာ ကျရောက်တဲ့ မွေးနေ့ရက်မြတ်မှာ သံဃာတော်တွေ ဆွမ်းကပ်ကုသိုလ် ပြုခဲ့ပါတယ်။

“မွေးနေ့ရက်မြတ်ကုသိုလ်အလှူ သံဃာတော်တွေကို ဆွမ်းကပ်ပါတယ်။ အားလုံး အေးချမ်း အန္တရာယ်ကင်းကြပါစေ”လို့ အဆိုတော် မီမီဝင်းဖေက ပရိသတ်တွေ သိအောင် ပြောလာပါတယ်။

 

သူမကတော့လက်ရှိ ဖခင်ဖြစ်သူ ပန်းချီဆရာ ဒါရိုက်တာ ဦးဝင်းဖေကို ပြုစုစောင့်ရှောက်နေလျှက်ရှိသူလည်းဖြစ်ပါတယ်။ မီမီဝင်းဖေ မွေးနေ့အတွက် သူငယ်ချင်းဖြစ်သူတွေကလည်း သုဝဏ္ဏဘုမ္မိခေမာရာမ သီလရှင်စာသင်တိုက်မှာ နေ့ဆွမ်း၊ အချို့ရည်၊ မုန့်တွေနဲ့ နဝကမ္မအလှူတွေ ပြုလုပ်ပေးခဲ့ကြတယ်လို့ သိရပါတယ်။ သူမကတော့ မွေးနေ့ရောက်တိုင်း အလှူအတန်းတွေ စဉ်ဆက်မပြတ်လှူဒါန်းနေလျှက်ရှိသူလည်း ဖြစ်ပါတယ်။

သူမမွေးနေ့အမှတ်တရအဖြစ်လည်း ပရိသတ်တွေက “အန်တီမီ အရင်လိုခရီးတွေအတူထွက်ပြီး သီချင်းသံချိုချိုလေးတွေကြားချင်မိ ကျန်းမာချမ်းသာပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ သက်ရှည်ကျန်းမာစွာနဲ့ ဆရာကြီးကိုလည်း ပြုစုလုပ်ကျွေးနိုင်ပါစေပါစေ။ ကျန်းမာပါစေ” စတာတွေကို ဆုတောင်း ရေးသားပေးကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *