October 18, 2024

၁၇. ၂. ၂၀၂၄
Translated by Htwe Ko Tun

တရားစွဲပြစ်ဒဏ်ချမှတ်ခြင်းခံထားရတဲ့ ထိုင်းနိုင်ငံဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်ထရာကို ဖေဖော်ဝါရီ ၁၈ ရက်မှာ ပြစ်ဒဏ်ကျခံနေရမှုကနေ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လည်လွှတ်ပေးမှာ ဖြစ်တယ်လို့ ထိုင်းဝန်ကြီးချုပ် ဆရက်သာ သာဗင်ဆင်က ဖေဖော်ဝါရီ ၁၇ ရက်မှာ အတည်ပြု ပြောကြားခဲ့ပါတယ်။

သက်ဆင်ဟာ သူ့အပေါ်ပြစ်ဒဏ်ချမှတ်မှုကို ရှောင်တိမ်းဖို့ ပြည်ပသို့ ၁၅ နှစ်ကြာသွားရောက်နေထိုင်ခဲ့ပြီး ထိုင်းနိုင်ငံဆီ ၂၀၂၃ ခုနှစ်၊ ဩဂုတ်လမှာပြန်ရောက်လာခဲ့တဲ့အချိန်ကစလို့ သူ့ရဲ့ပြစ်ဒဏ်ကို ဆေးရုံထက်မှာကျခံခဲ့ရပါတယ်။

သက်ဆင် ပြန်လည်ရောက်ရှိလာပြီးနောက် တရားရုံးက ချမှတ်ခဲ့တဲ့ ပြစ်ဒဏ် ရှစ်နှစ်ကို ထိုင်းဘုရင်က တစ်နှစ်သို့ လျှော့ချပေးခဲ့ပါတယ်။ ဒီနောက်မှာတော့ သက်ဆင်ဟာ ဖွင့်ဟပြောကြားမှုမပြုခဲ့တဲ့ သူ့ရဲ့ ကျန်းမာရေးအခြေ အနေကြောင့် ဆေးရုံထက်မှာပဲ ခြောက်လတာ ပြစ်ဒဏ်ကို ကျခံခဲ့ရတာပါ။

သက်ဆင်အနေနဲ့ လွတ်ငြိမ်းချမ်းသာခွင့်အရ ပြန်လည်လွှတ်ပေးနိုင်တဲ့ အကျဉ်းသားတွေအထဲမှာ အကျုံးဝင်တယ်လို့ သိရပေမယ့် အရင်ကတော့ သူ့ကို ဘယ်တော့ပြန်လွှတ်ပေးမယ်ဆိုတာ မသေချာခဲ့ရာကနေ အခုအကြိမ်မှာတော့ ဖေဖော်ဝါရီလ ၁၈ ရက်မှာ ပြန်လွှတ်ပေးမယ်လို့ ထိုင်းဝန်ကြီးချုပ်က အတည်ပြုခဲ့ခြင်းပါပဲ။

Ref-Bangkok Post

Leave a Reply

Your email address will not be published. Required fields are marked *