၁၇. ၂. ၂၀၂၄
Translated by Htwe Ko Tun
ရုရှားနိုင်ငံတွင် သမ္မတပူတင်နှင့် အစိုးရကို ဆန့်ကျင်ဝေဖန်မှုများ ပြုလုပ်မှုကြောင့် လူသိများသည့် အတိုက် အခံခေါင်းဆောင်တစ်ဦးဖြစ်သော ထောင်ဒဏ်ကျခံနေရသည့် အလက်ဇေး နာဗာလ်နီမှာ ရုရှားနိုင်ငံအကျဉ်း ထောင်အတွင်း ကွယ်လွန်သွားခဲ့ကြောင်း ရုရှားအကျဉ်း ထောင်အာဏာပိုင်များက ဖေဖော်ဝါရီလ ၁၆ ရက်က ကြေညာခဲ့ကြသည်။
Yamal-Nanets ကိုယ်ပိုင်အုပ်ချုပ်ရေးခရိုင်အကျဉ်းထောင်က အသက် ၄၇ နှစ်ရှိ အကျဉ်းသား နာဗာလ်နီမှာ ဖေဖော်ဝါရီ ၁၆ ရက်က လမ်းတစ်ခေါက်လျှောက်အပြီးတွင် ကောင်းစွာနေမကောင်းဘဲ အကျဉ်းထောင် အဆောင်အမှတ် ၃ ၌ ရုတ်တရက် သတိလစ်သွားခဲ့ကြောင်း၊ ကျန်းမာရေးဝန်ထမ်းများ ချက်ချင်းရောက်လာပြီး ၎င်းအား သူနာတင်ယာဉ်ဖြင့်ဆေးရုံသို့ခေါ်ဆောင်ကာ သတိပြန်လည်လာစေရန် နည်းလမ်းအမျိုးမျိုးဖြင့်ကြိုးစားခဲ့သော်လည်း နာဗာလ်နီမှာ သတိပြန်လည်မရရှိ တော့ကြောင်း ပြောကြားခဲ့သည်။ သေဆုံးရခြင်း၏ အကြောင်းရင်းကိုစစ်ဆေးနေဆဲဟုလည်း သိရသည်။
နာဗာလ်နီ၏ ပြည်ပရောက် ပြောရေးဆိုခွင့်ရှိသူအမျိုးသမီး ကီရာ ရာမစ်ရှ်က နာဗာလ်နီကို အကျဉ်းချထားသည့် ရုရှားနိုင်ငံ Kharp မြို့အကျဉ်းထောင်သို့ နာဗာလ်နီ၏ရှေ့နေ သွားရောက်ကြည့်ရှုမှုမပြုရသေးမချင်း ၎င်းအနေနှင့် နာဗာလ်နီ သေဆုံးမှုကို အတည်မပြုနိုင်သေးဟု ပြောကြားခဲ့သည်။
ကီရာ ရာမစ်ရှ်က နာဗာလ်နီ၏ဖခင် အနာနိုလီ နာဗာလ်နီ က ၎င်း၏သားသေဆုံးမှုမှန်ကန်ကြောင်း အတည်ပြုမှု ကိုလည်း လက်မခံကြောင်း လူမှုကွန်ရက် X ၌ရေးသားခဲ့သည်။ ၎င်း၏ရေးသားမှုများအပေါ် နာဗာလ်နီ ၏ ဆွေမျိုးများကမူ တစ်စုံတစ်ရာ ဝေဖန်ပြောကြားခြင်းမရှိပေ။
Ref-Moscow Times