October 18, 2024

၁၇. ၂. ၂၀၂၄
Written by KL

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်၊ အမှတ်(၁၃) ရပ်ကွက်၊ ဓမ္မသုခကျောင်းလမ်းရှိ Royal Thu Ka ၈ ထပ်ခွဲကွန်ဒိုရှိ ပထမထပ်တိုက်ခန်းတွင် ဖေဖော်ဝါရီ ၁၆ ရက် ည ၁၁ နာရီ ၁၀ မိနစ်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့သည်။

မီးလောင်မှုမှာ ပထမထပ်တိုက်ခန်းရှိ အိပ်ခန်းတွင် Dryer ကို အသုံးပြုပြီး ခလုတ်မပိတ်ဘဲ မွေ့ယာပေါ်သို့ တင်ပြီးထားခဲ့ရာမှ မီးလာချိန်တွင် Dryer အပူလွန်ကဲ၍ ရှော့ခ်ဖြစ်ကာ မွေ့ယာသို့ မီးကူးစက်ပြီး စတင်လောင်ကျွမ်းခဲ့ကြောင်း စစ်ဆေးသူများထံမှ သိရသည်။

မီးလောင်မှုမှာ ၁၂ မိနစ်ခန့် ကြာမြင့်ခဲ့ပြီး မီးငြှိမ်းသတ်ယာဥ် ၂ စီး၊ ရေသယ်ယာဥ် ၁ စီးနှင့် မီးသတ်တပ်ဖွဲ့ဝင် ၂၀ ကျော်ဖြင့် ငြှိမ်းသတ်ခဲ့သည်။

မီးလောင်မှုကြောင့် ဒန်းလော့မွှေ့ယာနှင့် Dryer တို့ မီးလောင်ဆုံးရှုံးခဲ့သဖြင့် အသက်၂၉ နှစ်အရွယ်အမျိုးသမီး တစ်ဦးကို လှိုင်မြို့မရဲစခန်းက ပုဒ််မ ၂၈၅ ဖြင့် အမှုဖွင့် အရေးယူထား​ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *