October 18, 2024

၁၆. ၂. ၂၀၂၄
Written by Nay Moe

မိဘထံအလည်ပြန်တဲ့ ဆင်ပေါင်ဝဲမြို့နယ် တရား သူကြီးကို ဂဠုန် PDF နတ်မောက်အဖွဲ့က ဗိုလ်ချုပ်မွေးနေ့ မနက် ၉ နာရီခွဲခန့်မှာ သေနတ်နဲ့ပစ်ခတ်သတ်ဖြတ်လိုက်တယ်လို့ သိရပါတယ်။

ဒီဖြစ်စဥ်နဲ့ပတ်သက်ပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ကလည်း မကွေးခရိုင်၊ နတ်မောက်မြို့နယ်၊ ကမ်းပြိုကျေးရွာမှာ အမျိုးသား ၁ ဦး သေနတ်နဲ့အပစ်ခံရလို့ သေဆုံးနေကြောင်းသတင်းအရ ပူးပေါင်းလုံခြုံရေးအဖွဲ့ကသွားရောက်စစ်ဆေးခဲ့ရာမှာ ကမ်းပြိုကျေးရွာရှိ မိဘများနေအိမ်ကို ဖေဖော်ဝါရီ ၁၂ ရက်ကတည်းက အလည်အပတ်ရောက်ရှိနေတဲ့ ဆင်ပေါင်ဝဲမြို့နယ်တရားသူကြီး ဦးထွန်းထွန်းနိုင်(၃၆)နှစ်ဆီကို ဖေဖော်ဝါရီ ၁၃ ရက် မနက် ၉ နာရီခွဲခန့်မှာ ဂဠုန် PDF နတ်မောက်အဖွဲ့ဝင် ၆ ဦးက ဆိုင်ကယ် ၃ စီးနဲ့ရောက်ရှိလာပြီး ဦးထွန်းထွန်းနိုင်ကို နေအိမ်ရှေ့သို့ခေါ်ပြီး ပစ်သတ်ခဲ့တယ်လို့ ပြောပါတယ်။

ဂဠုန် PDF နတ်မောက်အဖွဲ့ဝင် ၆ ဦးက ပစ်ခတ်တာကြောင့် ဦးထွန်းထွန်းနိုင်မှာ ဦးခေါင်းယာချိုစောင်းကနေတစ်ဆင့် ဝဲမျက်လုံးကျည်ဖောက်ထွက်ဒဏ်ရာ ၁ ချက်၊ ဝဲပေါင်ကျည်ဖောက်ဝင် ဒဏ်ရာ ၁ ချက်၊ ယာခြေသလုံးကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ နောက် ကျောကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ စုစုပေါင်းဒဏ်ရာ ၄ ချက်ရရှိကာ သေဆုံးသွားတာကြောင့် နတ်မောက်မြို့နယ်ပြည်သူ့ဆေးရုံကို ပို့ဆောင်ထားရှိခဲ့တယ်လို့ သိရပါတယ်။

လက်ရှိမှာ ဂဠုန် PDF နတ်မောက်အဖွဲ့ဝင် ၆ ဦးကို နမစ(စိုင်ကောင်း)က (ပ)၅/၂၀၂၄၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(က)/၅၄ နဲ့ အမှုဖွင့်ပြီး တရားခံဖမ်းဆီးရမိရေး သက်ဆိုင်ရာက စုံစမ်းနေတယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *