MT News
Written by Thettant
နိုင်ငံကူးလက်မှတ် Passport လျှောက်ထားရန် Online မှ QR Code ရယူမှု ဒီဇင်ဘာ ၅ ရက်မှ စတင်ရပ်ဆိုင်းမည်ဖြစ်ကြောင်း မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့က ယမန်နေ့ညတွင် ကြေညာသည်။
ထိုသို့ ရပ်ဆိုင်းရခြင်းမှာလည်း Online Booking စနစ်ဖြင့် QR Code ရယူ၍ ရက်ချိန်းရယူလျှောက်ထားခြင်းအား ရက်ချိန်းရယူလိုသူ မည်သူမဆို ကာယကံရှင်ကိုယ်တိုင် ၂၄ နာရီ ပတ်လုံး ပိတ်ရက်မရှိ (24/7) လွယ်ကူစွာလျှောက်ထားနိုင်ရန်အတွက် Online Booking စနစ်အား ပြင်ဆင်ရေးဆွဲနေခြင်းကြောင့် ရပ်ဆိုင်းခြင်းဖြစ်ကြောင်းလည်း သိရသည်။
ယခုအသုံးပြုနေသော Online Booking စနစ်ဟောင်းမှ ရက်ချိန်းပေးခြင်းကို ဒီဇင်ဘာ ၅ ရက်နေ့မှစတင်၍ ရပ်ဆိုင်းထားမည် ဖြစ်သော်လည်း စနစ်ဟောင်းမှ QR Code ဖြင့် ရက်ချိန်းရယူထားပြီးသူများ အနေဖြင့် မိမိတို့ရက်ချိန်းရရှိထားသည့် နေ့ရက်များတွင် ရုံးတွင်းသို့ ဆက်လက် အသုံးပြုဝင်ရောက်နိုင်ဖြစ်သည်။
သို့ဖြစ်၍ နိုင်ငံကူးလက်မှတ်လျှောက်ထားလိုသူများ အနေဖြင့် ပွဲစားများမှတစ်ဆင့် ရက်ချိန်းဝင်ရောက်ခွင့် QR Code များ မတန်တဆဈေးဖြင့်ဝယ်ယူခြင်း၊ အခြားသူ၏ QR Code အား လက်လွှဲအသုံးပြုနိုင်ရန် ကြိုးပမ်းခြင်းများမပြုလုပ်ကြရန်နှင့် Online Booking စနစ်သစ် စတင်အသုံးပြုနိုင်မည့်ရက်အား ထပ်မံကြေညာပေးသွားပါမည်ဖြစ်ကြောင်း အသိပေးထားသည်။