October 18, 2024

၁၆. ၂. ၂၀၂၄
Written by Nay Moe

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ မြောက်ခင်ရန်းကျေးရွာမှာ PDF ၂ ဦးကို မီးရှို့သတ်ဖြတ်ခဲ့တယ်ဆိုပြီး USDP ထောက်ခံသူတပ်မတော်သားတစ်ဦးရဲ့ ဇနီးကို PDF တွေ ဖမ်းဆီးစစ်ဆေးခဲ့တာကြောင့် စစ်ကြောင်းထိုးရှင်းလင်းရာမှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး PDF ၁၀ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဖေဖော်ဝါရီ ၁၄ ရက် မနက် ၅ နာရီအချိန် မြောက်ခင်ရန်းကျေးရွာက တပ်မတော်သားတွေနဲ့ ပြည်သူ့စစ်အင်အား ၂၀၀ လောက်ဟာ စစ်ကြောင်းထိုးလာပြီး သင်တောကျေးရွာ၊ ရွှေဘိုကျေးရွာနဲ့ ရေသာကျေးရွာက PDF တွေနဲ့ ပစ်ခတ်မှုဖြစ်ပွားပြီး ဒီတိုက်ပွဲတွေမှာ သင်တောရွာ PDF တွေဖြစ်တဲ့ မောင်ပု၊ ပြူးသာ၊ ဌေးအောင်၊ မောင်နိုင်၊ ဖိုးသေးနောင်၊ သက်လွင်၊ ဘိုသန်းနဲ့ ရွှေဘိုရွာ PDF တွေဖြစ်တဲ့ တိုးလွင်နဲ့ မျိုးသန့်တို့အပြင် ရေသာရွာ PDF ဇော်လင်းမောင် သေဆုံးခဲ့ပါတယ်။ ဒါ့အပြင် PDF ၄ ဦးကိုလည်း ဖမ်းမိခဲ့သလို သင်တောရွာနဲ့ ရွှေဘိုရွာက PDF စခန်းတွေ ဆက်နွှယ်နေအိမ်တွေလည်း ထပ်မံအခြေမစိုက်နိုင်အောင် မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။

ဂန့်ဂေါမြို့နယ်အပါအဝင် တိုက်ပွဲဖြစ်ပွားနေတဲ့ နယ်မြို့တွေက ကျေးရွာတွေမှာ သာမန်ပြည်သူရွာဆိုတာ လက်ရှိအချိန်မရှိသလောက်ဖြစ်နေပြီး PDF ရွာနဲ့ ပျုစောထီးရွာလို့ပဲ အားကောင်းရာစုနေကြသလို တစ်ရွာနဲ့တစ်ရွာအပြန်အလှန်ချောင်း မြောင်းပစ်ခတ်သတ်ဖြတ်မှုတွေ ပြုလုပ်နေကြတာပါ။ ဒီဖြစ်စဥ်နဲ့ပတ်သက်ပြီး ဂန့်ဂေါမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က သေဆုံးသူတွေဟာ သာမန်ရွာသားတွေလို့ ငြင်းဆိုပေမဲ့လည်း SAC ရဲ့ သတင်းမှန်ထုတ်ပြန်ရေးအဖွဲ့ကတော့ ဖေဖော်ဝါရီ ၁၄ ရက်နေ့မှာ PDF တွေက တပ်စခန်းတွေကို ပစ်ခတ်တိုက်ခိုက်လို့ သင်တောရွာအနီးမှာ တိုက်ပွဲဖြစ်ပွားပြီး အကြမ်းဖက်သမားတချို့သေဆုံးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *