၁၅.၂.၂၀၂၄
Written by KL
ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်၊ ၄/မြောက်ရပ်ကွက်၊ မြို့မ (၉)လမ်းတွင် ယနေ့ ဖေဖော်ဝါရီ ၁၅ ရက် မွန်းလွဲ ၂ နာရီခွဲခန့်က ထမင်းအိုးကို ထင်းမီးဖိုဖြင့်တည်ထားပြီး အပြင်ထွက်ရာမှ နေအိမ် ၂ လုံးမီးလောင် ဆုံးရှုံးခဲ့ကြောင်း စစ်ဆေးသူများထံမှ သိရသည်။
မီးလောင်မှုမှာ ၁၅ မိနစ်ခန့်သာ ကြာမြင့်ခဲ့ပြီး အလျား ၁၀ ပေ၊အနံပေ ၄၀ ရှိ သွပ်မိုး၊ အုတ်ညှပ် ၂ ထပ်နေအိမ်တစ်လုံး၊ အလျား ၁၀ ပေ၊ အနံ ပေ ၃၀ ရှိ သွပ်မိုးသွပ်ကာပျဥ်ခင်းနေအိမ်တို့ မီးလောင်ဆုံးရှုံးခဲ့သည်။
မီးလောင်မှုကို မီးငြှိမ်းသတ်ယာဥ် ၃ စီး၊ ရေသယ်ယာဥ် ၂ စီး၊ မီးသတ်တပ်ဖွဲ့ဝင် ၄၀ ကျော်ဖြင့် ငြိမ်းသတ်ခဲ့ရပြီး မီးလောင်မှုကြောင့် အသက် ၄၉ နှစ်အရွယ် အမျိုးသားတစ်ဦးကို ပုဒ်မ ၂၈၅ ဖြင့် သာကေတမြို့မရဲစခန်းတွင် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။