October 28, 2024

၁၅.၂.၂၀၂၄
Written by KL

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တန်းမြို့နယ်၊ အလယ်ပိုင်းရပ်ကွက်၊ ကုန်သည်လမ်းရှိ စတိုးဆိုင်ဖွင့်ထားသော နေအိမ်တွင် ဖေဖော်ဝါရီ ၁၅ ရက် နံနက် ၇ နာရီ ၅၇ မိနစ်က မီးလောင်မှုဖြစ်ပွားခဲ့သည်။

မီးလောင်မှုမှာ အလျား ၂၅ ပေ၊ အနံ ၄၅ ပေရှိ သွပ်မိုးအုတ်ညှပ် တစ်ထပ်ခွဲနေအိမ် အပေါ်ထပ်တွင် ဘုရားမီးပူဇော်သည့် ပလပ်ခုံအပူလွန်ကဲ၍ မီးပွားထွက်ရာမှ စက္ကူများသို့ ကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးသူများ၏ အတည်ပြုချက်အရ သိရသည်။

မီးလောင်မှုမှာ မိနစ် ၃၀ နီးပါးကြာမြင့်ခဲ့ပြီး အပေါ်ထပ်နှင့် အတွင်းပစ္စည်းများ မီးလောင်ဆုံးရှုံးခဲ့သည်။ မီးလောင်မှုကို မီးငြှိမ်းသတ်ယာဥ် ၇ စီး၊ ရေသယ်ယာဥ် ၂ စီး၊အထောက် အကူပြုယာဥ် ၁ စီး၊ အုပ်ချုပ်မှုယာဥ် ၁ စီးနှင့် မီးသတ်တပ်ဖွဲ့ဝင် ၉၀ ကျော်ဖြင့် ငြှိမ်းသတ်ခဲ့ရကြောင်း သိရသည်။

နေအိမ်မီးလောင်မှုကြောင့် အသက် ၃၆ နှစ်အရွယ် အမျိုးသားကို ပုဒ်မ ၂၈၅ ဖြင့် ကျောက်တန်းမြို့မရဲစခန်းက အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *