October 18, 2024

၁၅. ၂. ၂၀၂၄
Written by Ye Kyaw

ယခုလတ်တလောတွင် ထိုင်းသံရုံး၌ ဗီဇာလျှောက်ထားသူအရေအတွက် များပြားနေသောကြောင့် တစ်ရက်လျှင် ဗီဇာလျှောက်ထားသူ အရေအတွက် လူဦးရေ ၄၀၀ သာ လက်ခံမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာထိုင်းသံရုံးက ထုတ်ပြန် ကြေညာထားသည်။

ယခုထုတ်ပြန်လိုက်သည့် စည်းကမ်းချက်အသစ်ရ တစ်ရက်လျှင် ဗီဇာလျှောက်ထားသူအရေအတွက် လူဦးရေ ၄၀၀ သာလက်ခံမည်ဖြစ်သည်။ တန်းစီစနစ်ဖြင့် ကျင့်သုံးမည်ဖြစ်ပြီး တိုကင်နံပါတ်အား ရုံးဖွင့်ချိန်မတိုင်မီ (နံနက် ၈း၃၀ မြန်မာစံတော်ချိန်) မှ စတင်၍ ဗီဇာလျှောက်ထားမည့်သူများအား ပေးဝေမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

တာဝန်ရှိသူများမှ ပတ်စပို့စ်နှင့် သေချာစစ်ဆေးပြီး မှန်ကန်မှသာလျှင် ဗီဇာလျှောက်ထားသူကိုယ်တိုင် တိုကင်ထုတ်ယူပြီး နာမည်စာရင်းရေးမှတ်ရမည်ဖြစ်သောကြောင့် အဆိုပါတိုကင်နံပါတ်များကို အခြားသူထံလွှဲပြောင်းခြင်း ပြုလုပ်နိုင်မည်မဟုတ်ဘဲ တိုကင်နံပါတ်တစ်ခုသည် လျှောက်မည့်သူတစ်ဦးအတွက်သာ အကျုံးဝင်မည်ဖြစ်သည်။

အကယ်၍ တိုကင်နံပါတ်အား အလွဲသုံးစားလုပ်ခြင်း (သို့မဟုတ်) တိုကင်အတုအပပြုလုပ်သည်ကို တွေ့ရှိပါက ဗီဇာလျှောက်ထားခွင့် ပိတ်ပင်မည်ဖြစ်ပြီး Blacklist ထဲ၌ မှတ်တမ်းတင်ထားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ဗီဇာလျှောက်ထားသူများကို ရုံးဖွင့်ချိန် နံနက် ၉ နာရီမှစတင်၍ လက်ခံမည်ဖြစ်ပြီး လျှောက်လွှာတင်မည့်သူနှင့် တိုကင်နာမည်စာရင်းပေးထားသူ၏ ပတ်စပို့စ်နှင့်ကိုက်ညီမှုရှိ မရှိ စစ်ဆးပြီးမှသာ ဗီဇာလျှောက်လွှာများအား လက်ခံမည်ဖြစ်သည်။

ဗီဇာကောင်တာတွင် လျှောက်လွှာတင်ပြီးပါက တိုကင်နံပါတ်များအား ဗီဇာကောင်တာရှိ တာဝန်ရှိသူထံ ပြန်ပေးရမည်ဖြစ်ပြီး ဗီဇာလျှောက်ထားရာတွင် လိုအပ်သော အချက်များအား အောက်တွင်ဖော်ပြထားသည့် QR Code တွင် Scan ဖတ်၍ စစ်ဆေးနိုင်မည်ကြောင်း၊ အကယ်၍ စာရွက်စာတမ်းအချက်အလက်များ မပြည့်စုံပါက လျှောက်လွှာများအား လက်ခံမည်မဟုတ်ကြောင်း ထုတ်ပြန်ထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *