October 18, 2024

◼️ ပစ်ခတ်ခံရမှုကြောင့် ၁ ဦး သေဆုံးကာ ၂၁ ဦး ဒဏ်ရာရ

၁၅.၂.၂၀၂၄
Translated by Htwe Ko Tun

အမေရိကန်ပြည်ထောင်စု၊ ဘောလုံးအဖွဲ့ချုပ်၏ ကန်းဆက်မြို့တွင် ကျင်းပသော Super Bowl League ဘောလုံးပြိုင်ပွဲတွင် ကန်းဆက်မြို့အသင်း(Kansas City Chiefs) အသင်းက အောင်ပွဲရခဲ့ပြီးနောက် မြို့အတွင်းလှည့်လည်အောင်ပွဲခံနေချိန် ဖေဖော်ဝါရီ ၁၄ ရက်က ပစ်ခတ်ခံရမှုတစ်ရပ်ဖြစ်ပွားခဲ့ရာ ကလေးရှစ်ဦးအပါအဝင် စုစုပေါင်း ၂၂ ဦးဒဏ်ရာရခဲ့ကာ ၎င်းတို့အနက် တစ်ဦးသေဆုံးခဲ့ကြောင်း သိရသည်။

ကန်းဆက်မြို့ ရဲတပ်ဖွဲ့အကြီးအကဲ စတေစီဂရေ့ဗ်က သတင်းစာရှင်းပွဲတွင် ထိခိုက်သေဆုံးသူများနှင့်ပတ်သက်၍ အသေး စိတ်ပြောခဲ့ပြီး လူသုံးဦးအားဖမ်းဆီးထားကြောင်းလည်း အတည်ပြုပြောကြားခဲ့သည်။

ဂရေ့ဗ်က “ဒီအောင်ပွဲခံ လှည့်လည်ချီတက်ပွဲကို လာကြတဲ့သူတွေက ဒီအခမ်းအနားဟာ လုံခြုံမှုရှိတယ်လို့ ထင်ထားကြတာပေါ့။ ဒီလိုနေရာမှာ ပစ်ခတ်အကြမ်းဖက်တာ ကျွန်မ အရမ်းစိတ်ဆိုးတယ်” ဟု ပြောခဲ့သည်။

ရဲတပ်ဖွဲ့က ဖမ်းဆီးထားသူများနှင့်ပတ်သက်၍ အသေးစိတ်အချက်အလက်များကိုလည်းကောင်း၊ ပစ်ခတ်မှုဖြစ်ပွားရခြင်း ၏အကြောင်းရင်းကိုလည်းကောင်း လောလောဆယ်တွင် ထုတ်ပြန်ခြင်းမရှိသေးပေ။ ဂရေ့ဗ်က ပစ်ခတ်မှုတွင် အသုံးပြုသည့်လက်နက်များကို ပြန်လည်တွေ့ရှိကြောင်း ပြောကြားခဲ့သော်လည်း မည်သည့်လက်နက်များဆိုသည်ကိုမူ မပြောကြားသေးပေ။

၎င်းဖြစ်ရပ်က အမေရိကန်ပြည်ထောင်စုတွင် လက်နက်ဖြင့် အကြမ်းဖက်ခံရသော အားကစားအခမ်းအနားများအနက်နောက်ဆုံးဖြစ်သည်။ ၂၀၁၃ ခုနှစ်အတွင်းကလည်း ဒန်ဗာမြို့တွင်ကျင်းပသော အမျိုးသား ဘတ်စကတ်ဘောပြိုင်ပွဲ၌ ပစ်ခတ်မှုဖြစ်ခဲ့သေးသည်။

ကန်းဆက်မြို့က အမေရိကန်ပြည်ထောင်စုတွင် လက်နက်ကိုင် အကြမ်းဖက်မှုအများဆုံးသော မြို့တစ်မြို့လည်းဖြစ်သည်။ ၂၀၂၀ ပြည့်နှစ်တွင် အမေရိကန်တရားရေးဝန်ကြီးဌာနက အကြမ်းဖက်ရာဇဝတ်မှုများ ကျုးလွန်ဖြစ်ပျက်မှုများပြား၍ နှိမ်နင်းရန် ပစ်မှတ်ထားဆောင်ရွက်ခဲ့သော မြို့ကိုးမြို့အနက် တစ်ခုအပါအဝင်လည်းဖြစ်သည်။ ၂၀၂၃ ခုနှစ်တွင်မူ ကန်းဆက် မြို့၌ဖြစ်ပွားသော လူသတ်မှုများအနက် အများစုမှာသေနတ်များကို အသုံးပြုခဲ့ကြပြီး စုစုပေါင်း လူသတ်မှု ၁၈၂ မှုဖြင့် စံချိန်တင်ခဲ့သည်။

၎င်းက အမေရိကန်ပြည်ထောင်စု တွင် ၂၀၂၄ ခုနှစ်အတွင်း ၄၈ ခု​မြောက်သော လူအစုလိုက်အပြုံလိုက် ပစ်ခတ်မှု ဖြစ်ပွားခြင်းဟုလည်း သိရသည်။

Ref- AP

Leave a Reply

Your email address will not be published. Required fields are marked *