၁၅.၂.၂၀၂၄
Written By Thandar
အလှမယ်လောကထဲကတစ်ဆင့် သရုပ်ဆောင်လမ်းကြောင်းပေါ်ရောက်လာခဲ့တဲ့ မင်းသမီး ပြည့်ဝတီမောင်ကတော့ ချစ်သူကောင်လေးက လက်ထပ်ခွင့်တောင်းခံတာကို လက်ခံလိုက်ပြီလို့ ပရိသတ်ကြီးကို အတိအလင်း ချပြလာပါတယ်။
“ညီမလေးတို့ နှစ်ယောက်ရဲ့ ချစ်သူသက်တမ်းကတော့ တစ်နှစ်နဲ့ ၁၀ လကျော် ရှိပြီလည်းဖြစ်ပါတယ်။ ဒါကြောင့်မို့ ညီမရဲ့ကောင်လေးက လက်ထပ်ခွင့်တောင်းတာကို လက်ခံလိုက်တာပါ။ လာမဲ့ ဖေဖော်ဝါရီ ၂၂ ရက်မှာ ရန်ကုန်မှာ လက်ထက်မင်္ဂလာပွဲလုပ်သွားဖို့ရှိပါတယ်” လို့ သရုပ်ဆောင် ပြည့်ဝတီမောင်က MT Entertainment ကို ပြောပါတယ်။
သူမကတော့ ချစ်သူကောင်လေးနဲ့ ထိုင်းနိုင်ငံ LA Chapelle Bangkok မှာ ရိုက်ကူးထားတဲ့ ပုံလေးနဲ့ ချပြလာတာဖြစ်ပြီး လာမယ့် ဖေဖော်ဝါရီ ၂၂ ရက်မှာ ရန်ကုန်မြို့မှာ လက်ထပ်မင်္ဂလာပွဲကို ကျင်းပသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
ပြည့်ဝတီမောင်က Miss Universe Myanmar 2016 မှာ 1st Runner Up၊ National Costume နဲ့ The Best Style Award ဆုကို ရရှိထားတဲ့ အလှမယ်တစ်ဦးလည်းဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ်က မြန်မာ့ရုပ်ရှင် အကယ်ဒမီထူးချွန်ဆုပေးပွဲမှာ ရွှေကြိုအလှမယ်တစ်ဦးလည်းဖြစ်သလို The Line စည်း ဇာတ်ကား၊ မြို့ပြမုဆိုးများ ရုပ်ရှင်ဇာတ်ကား၊ ရင်ခုန်သံ ၇၄၊ ကြီးမှပေါက်တဲ့ ဝက်သက် စတဲ့ ဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင်ထားသူလည်းဖြစ်ပါတယ်။