October 20, 2024

၁၅. ၂. ၂၀၂၄
Translated by Thettant

ဘင်္ဂလားဒေ့ရှ်အစိုးရဟာ သူ့နိုင်ငံဘက်ခြမ်းကို ဖေဖော်ဝါရီ ၄ ရက်ကစ ဆုတ်ခွာလာတဲ့ မြန်မာနယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်တွေနဲ့ အခြားမြန်မာအစိုးရတာဝန်ရှိသူတွေကို ဒီနေ့မနက်မှာ မိခင်နိုင်ငံကို ပြန်လည်ပို့​ဆောင်ပေးမယ်လို့ သိရပါတယ်။

ဘင်္ဂလားဒေ့ရှ်နဲ့ နယ်စပ်ချင်းထိစပ်နေတဲ့ ရခိုင်ပြည်နယ်မှာ မြန်မာလုံခြုံရေး တပ်ဖွဲ့ဝင်တွေနဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့ဝင်တွေကြား တိုက်ပွဲအများအပြား ဖြစ်လာခဲ့ပြီးနောက်မှာ မြန်မာနယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်တွေအပြင် လူဝင်မှုကြီးကြပ်ရေးအဖွဲ့ဝင်တွေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ခြမ်းကိုဆုတ်ခွာခဲ့ရပြီး စုစုပေါင်း လူ ၃၃၀ အထိ ရှိနေတာပါ။

လက်ရှိမှာ ဒီမြန်မာနိုင်ငံသား ၃၃၀ ကို ဘင်္ဂလားဒေ့ရှ်အစိုးရဟာ ကော့ဘဇားက အင်ယန်နီရေတပ်ဆိပ်ခံတံတားကတစ်ဆင့် မြန်မာအာဏာပိုင်တွေထံ လွှဲပြောင်းပေးမှာဖြစ်တယ်လို့ ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်က ပြည်သူ့ဆက်ဆံရေးအရာရှိ ရှရီဖူအစ္စလာမ်ကပြောပြီး ဒီ လူ ၃၃၀ ဟာ မိခင်နိုင်ငံကို သင်္ဘောနဲ့ပြန်ပို့မှာဖြစ်တယ်လို့လည်း အတည်ပြုပါတယ်။

မြန်မာပြည် ရခိုင်ဘက်ခြမ်းမှာ AA ဟာ မြို့ငါးမြို့ထက်မနည်းကို ထိန်းချုပ်ထားသလို ဖေဖော်ဝါရီ ၇ ရက်ကနေ ဖေဖော်ဝါရီ ၁၄ ရက်အတွင်း စစ်ရေယာဥ်ငါးစီးနှစ်မြှုပ်ပစ်ခဲ့တာကြောင့် ဆုတ်ခွာလာတဲ့ ကလေးသူငယ်တွေနဲ့ တပ်မတော်သားမိသားစုတွေအပြင် လုံခြုံရေးတပ်ဖွဲ့ဝင် ၁၀၀၀ အထက်ဟာ သေကြေဖမ်းဆီးခံထားရမှုလည်း ဒီတစ်ပတ်အတွင်းဖြစ်ပွားထားပါတယ်။

Ref, BSS

Leave a Reply

Your email address will not be published. Required fields are marked *